ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် မြန်မာအစိုးရတို့ နှစ်ဖက်သဘောတူ ပစ်ခတ်ရပ်စဲရေး ပြုလုပ်ထား သည့် အချိန်ကာလအတွင်း စောင့်ကြည့်ရန်အတွက် စောင့်ကြည့်ရေးအဖွဲ့ တဖွဲ့ မရှိမဖြစ် ရှိနေဖို့လိုအပ် တယ်လို့ MINDANAO PEOPLES CAUCUS (MPC) မှ အထွေထွေအတွင်းရေးမှူး ATTY. MARY ANN M.ARNADO က ပြောပါတယ်။

၎င်းက “ပစ်ခတ်ရပ်စဲရေးအတွင်းမှာ အရမ်းကိုအရေးကြီးပါတယ်။ နှစ်ဖက်စလုံးက လက်နက်ကိုင်တဲ့အဖွဲ့ဖြစ် တယ်။ တကယ်ပဲလက်တွေ့ ကျင့်သုံးမကျင်းသုံး စောင့်ကြည့်ဖို့၊ ထိန်းသိမ်းဖို့လိုတယ်။” လို့ ပြောပါတယ်။
(MPC) အဖွဲ့အစည်းက MINDANAO ကျွန်းမှာ အဖွဲ့အစည်းပေါင်း ၅၅ အဖွဲ့ကနေ ဖွဲ့စည်းထားပြီး အဓိက အပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ နေရာဒေသတွေမှာ စောင့်ကြည့်လေ့လာကြတဲ့ အဖွဲ့ဖြစ်ပါတယ်။
ကရင်နီပြည်နယ်၏ ငြိမ်းချမ်းရေးသည် ပစ်ခတ်ရပ်စဲရေးမှာ အရေးကြီးဆုံးအချိန်ဖြစ်ပြီး ကရင်နီအမျိုးသားတိုး တက်ရေးပါတီက ဒေသခံအဆင့် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားခွင့်ကို ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေး ပွဲတွင် သဘောတူထားခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိကရင်နီပြည်နယ်တွင်းမှာတော့ ဒေသခံအဆင့် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားခြင်း မရှိသေးပါဘူး။ စောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့ပြီး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ ပြည်တွင်း လူမှုအဖွဲ့အစည်းတွေအသင်းအဖွဲ့ တွေကနေ ကွန်ယက်ဆက်စပ်မှုတခ ုအဖွဲ့သာ ရှိပါသေးတယ်။
ကရင်နီအသင်းအဖွဲ့၏ ဆက်စပ်ဆောင်ရွက်ရေး ကွန်ယက်အဖွဲ့က Coordinator ခူးမီရယ်က “အစိုးရနှစ်ဖက် က နေပြီး လေ့လာခွင့် သဘောတူညီမှုပေးထားတာကို ဘယ်လိုလုပ်သွားကြမလဲ။ စောင့်ကြည့်ရမလဲဆိုတာ တွေ၊ လုပ်ထုံးလုပ်နည်းတွေကို CBOs လူမှုအသင်းအဖွဲ့တွေက အခုမှ workshop လုပ်ပြီး လေ့လာနေကြပါ တယ်။” လို့ပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် မြန်မာအစိုးရတို့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တပ်ပိုင်းကိစ္စဆုံးဖြတ်ချက် မချနိုင်သေးတဲ့ ကိစ္စကို ဒုတိယအကြိမ်ထပ်မံ တွေ့ဆုံကြဖို့ သဘောတူညီထားရှိသည့် လက်ရှိအချိန်ကာလ အတောအတွင်းတွင် လူထုရဲ့ပါဝင်မှုနှင့် နိုင်ငံတကာက ပံ့ပိုးကူညီကူမှုလည်း အထူးလိုအပ်နေတယ်လို့ ATTY. MARY ANN M.ARNADO ကပြောပါတယ်။



