ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ တပ်ကိစ္စကို အကြိတ်အနယ် ဆွေးနေရ

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ တပ်ကိစ္စကို အကြိတ်အနယ် ဆွေးနေရ
by -
ကန္တာရဝတီတိုင်း(မ်)

ကနေ့ ဇွန်လ ၉ ရက်နေ့ လွိုင်ကော်မြို့ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင် ဖို့အတွက် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ အစိုးရတို့  တပ်ကိစ္စကို နှစ်ဦးနှစ်ဘက် အကြိပ်အနယ် ညှိနှိုင်းဆွေးနေကြရတယ်လို့ သိရပါတယ်။

phone-naing-and-thin-soe-greeting
မြန်မာ စံတော်ချိန် ညနေ ၃ နာရီခန့်မှာ ဆွေးနွေးပွဲ အားလပ်ချိန် ယူတဲ့အထိ တပ်ကိစ္စ ဆွေးနွေးမှု မပြီးပြတ်သေးကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ရ ရက်နေ့ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ကရင်နီပြည်တပ်မတော်မှ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်နဲ့ အစိုးရမှ လုံခြံုရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး တင်စိုးတို့ နှုတ်ဆက်ခဲ့ကြစဉ် (ဓါတ်ပုံ-ကေအဲန်ပီပီ)ကရင်နီပြည်မှာ “စစ်ဆင်ရေး ရပ်ဆိုင်းဖို့၊ တပ်တွေ ဆုတ်ပေးဖို့… တချက်ချင်း ဆွေးနွေးတဲ့ အခါမှာ အဓိကကတော့ စစ်တပ်ဘက်ကတော့ သပ်သပ်မှတ်မှတ် နေရာချထားရေး သူ့နေရာ ကိုယ့်နေရာ သတ်မှတ်ပြီးသွားလာဖို့ ဆွေးနွေးတဲ့အခါမှာ အဖြေက မရဘူး” လို့ ဆွေးနွေးပွဲအကြောင်း KNPP ဘက်မှ ပြောရေးဆိုခွင့် ရှိသူ ခူထဲဘူးက ပြောပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရ တပ်ပိုင်းဆိုင်ရာ အရာရှိတွေ ဖြစ်တဲ့ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးထွဏ်၊ လွိုင်ကော် ဒကစမှူး ဗိုလ်မှူးချုပ် ၀င်းမြင့်နဲ့ စစ်ဦးစီး ပထမတန်း အရာရှိ ဒုဗိုလ်မှူးကြီး ဝင်းထွန်းလင်းတို့ ပါ၀င်ပြီး KNPP ဘက်မှ တပ်ပိုင်းဆိုင်ရာ အရာရှိတွေ ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးနဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်တို့ ပါ၀င်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆက်လက်ခိုင်မာစေဖို့ တပ်နဲ့ ပါတ်သက်တဲ့ “အချက်တွေကို ဆက်လက်တင်ပြပေးမယ် ပြီးတော့မှ သူတို့ ဆက်လက်ဆွေးနွေးမယ်။ နောက်တွေ့ဆုံကြမယ်။ ယာယီအားဖြင့် တွေ့ဆုံဆွေးနွေးကြ တာပေါ့” လို့ KNPP ဗဟိုကော်မီတီဝင်လည်းဖြစ် ကရင်နီအစိုးရ ပြည်ထဲရေးဝန်ကြီးလည်း ဖြစ်တဲ့ ခူထဲဘူးက ဆက်ပြောပါတယ်။

ယနေ့ ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲမှာ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ စွမ်းအင် ၀န်ကြီးဌာန ၀န်ကြီး ဦးသန်းဌေးနဲ့  အမှတ် ၂ လျှပ်စစ် ၀န်ကြီးဌာန ၀န်ကြီး ဦးခင်မောင်စိုး စုစုပေါင်း ပြည်ထောင်စု ၀န်ကြီး ၃ ဦး ပါ၀င်ပြီး ဒုရှေ့နေချူပ် ဦးထွန်းထွန်းဦး၊ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး (နတလ) ဗိုလ်ချူပ် ဇော်ဝင်း၊ ပြည်နယ် ဒုညွန်ချူပ် ဦးဌေးအောင်၊ ပြည်နယ်ဝန်ကြီးချူပ် ဦးခင်မောင်ဦး၊ ပြည်နယ် လွှတ်တော်အမတ်တွေနဲ့ လေ့လာသူအားလုံး ၈၀ ဦး တက်ရောက်ကြပါတယ်။

အခုနောက်ဆုံး အခြေအနေရ ဆွေးနွေးပွဲ မပြီးပြတ်သေးဘဲ သဘောတူညီလက်မှတ် ရေးထိုးတဲ့အဆင့်ထိ မရောက်သေးကြောင်း သိရပါတယ်။

Most read this week