ပြည်ထောင်စုအဆင့်ဆွေးနွေးရန် KNPP လွိုင်ကော်သို့ရောက်ရှိ

ပြည်ထောင်စုအဆင့်ဆွေးနွေးရန် KNPP လွိုင်ကော်သို့ရောက်ရှိ
by -
ကန္တာရဝတီတိုင်း(မ်)

အစိုးရနဲ့ ပဏာမအပစ်အခတ်ရပ်စဲရေးအပြီး ပြည်ထောင်စုအဆင့်ဆွေးနွေးရန် ယမန်နေ့ညနေစောင်းအချိန်မှာ လွိုင်ကော်မြို့ကို ရောက်လာခဲ့ကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေကို လွိုင်ကော်မြို့ဒေသခံပြည်သူတွေ ထွက်ရောက်ကြိုဆိုခဲ့ကြပါတယ်။

ကေအဲန်ပီပီ ပြည်ထောင်စုအဆင့်ဆွေးနွေးဖို့ လွိုင်ကော်သို့ရောက်လာစဉ် ပြည်သူများ ကြိုဆို

ယနေ့ညနေ ၄ နာရီ လွိုင်ကော်မြို့ဧည့်ရိပ်သာမှာ KNPP ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုဝန်ကြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဦးအောင်မင်းတို့ အကြိုတွေ့ဆုံမိတ်ဆက်မှုတွေ ပြုလုပ်ဖို့အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

KNPP အဖွဲ့ဝင်ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုအစိုးရ ဝန်ကြီးတို့ဟာ ဇွန်လ ၉ ရက်နေ့ မနက် ၉ နာရီချိန် လွိုင်ကော်ရိပ်သာမှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ KNPP ဗဟိုကော်မီတီဝင် ခူဒယ်နီယာက ပြောပါတယ်။

ကေအဲန်ပီပီ ပြည်ထောင်စုအဆင့်ဆွေးနွေးဖို့ လွိုင်ကော်သို့ရောက်လာစဉ် ပြည်သူများ ကြိုဆို

Most read this week