ကရင်နီပြည်ရှိ သစ်တောများအား အမှန်တကယ် ထိန်းသိမ်းလိုလျှင် အစိုးရအနေဖြင့် သစ်ခွန် များကောက်ခံနေခြင်းထက် တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်သွားရန် လည်း လိုအပ်သည်ဟု ကရင်နီ သဘာဝပတ် ၀င်းကျင်အဖွဲ့က ဆိုသည်။
ကရင်နီပြည် ဒီးမောဆိုမြို့နယ် အတွင်းရှိ ဒေါငံခါးကျေးရွာ၊ လမ်းခွရပ်ကွက်တွင် သစ်တောရုံးမှအကောက်ခွန် များ ကောက်ခံရန် သစ်တောဂိတ်တခု အောက်တိုဘာလ ၈ ရက်နေ့မှစတင်၍ ထပ်မှန်ဆောက်လုပ်လိုက် ပြီးနောက် ကရင်နီအမြဲစိမ်းတောအဖွဲ့ KNG မှ ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။
“အကောက်ခွန်ကောက်တာက တကယ့် ဒီ…သစ် ခုတ် တဲ့လူကို သစ်ခုတ်ခွင့်ပေးလိုက်တာနဲ့အတူတူပဲ” ဟု KNG တာဝန်ခံ လိလီက ပြောသည်။
ယခင်က လမ်းခွရပ်ကွက်အပြင်ဘက်ရှိ ဂိတ်တွင် ရဲ၊ စစ်သား၊ ယဉ်ထိန်းနှင့် သစ်တောဦးစီးဌာနမှတာဝန်ရှိသူ များပူးပေါင်း၍ သစ်တင်သည့် ခြောက်ဘီးကားတစီးအား၂၅၀၀၀ ကျပ်နှင့် သစ်တင်သည့် ထော်လော်ဂျီစက် တစီးအား ၁၂၀၀၀ ကျပ်ဖြင့် အခွန်များ စုပေါင်းကောက်ခံခဲ့ကြသည်။
ယခုအခါ သစ်ခွန်များကောက်ခံရန်အတွက် လမ်းခွရပ်ကွက်အလယ်တွင် ဂိတ်သစ်တလုံးထပ်မှန်ဆောက်လုပ် လိုက်သည့်အပေါ် သစ်ခုတ်သူများ သစ်ခွန်အတွက် ဂိတ်ကျေးများ နှစ်ဆပေးဆောင်ရမည်ကိုစဉ်းစားလာ ကြရသည်။
“သူတို့က အဝေမတည့်တဲ့အတွက် ခွဲပြီး ဂိတ်ထပ်ဆောက်တယ်လို့ထင်တယ်” ဟု ဒေသခံတစ်ဦးက မိမိ၏ ထင်မြင်ချက်ကို ပြောသည်။
ကရင်နီပြည်တွင် သစ်အများဆုံးထုတ်သော ဒေသများမှာ ဘောလခဲဒေသနှင့် အရှေ့သံလွင်ဒေသတို့ ဖြစ်သည်။ ၎င်းသစ်ထုတ်လုပ်မှုများကြောင့် ကရင်နီပြည်တွင်းတွင် သစ်များပြုန်းတီးမှုများဖြစ်ပေါ်နေသည်မှာ ကာလအတော်ကြာကတည်းကပင်ဖြစ်၍ သစ်ထုတ်လုပ်သူများသည် ကျွန်းသစ်များနှင့် သစ်ရာများ စသည့် သစ်မာအမျိုးအစားကို အဓိကထား ထုတ်ယူနေကြသည်။
ယခုလို သစ်ထုတ်လုပ်တာ ကအစိုးရအပေါ်တွင် အများကြီးမူတည်နေကြောင်း သစ်ထုတ်လုပ်မှုများကြောင့် ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှုများဖြစ်ပေါ်လျက်ရှိပြီး အစိုးရမှခွင့်ပြုချက်ပေး၍သာသစ်ခုတ်လုပ်ငန်း များကို ဒေသခံရွာသားများကပါ ခုတ်ယူလာကြပြီး သစ်တောပြုန်းတီးမှုများလာကြောင်း KNG ဆိုသည်။
“အကောက်ခွန်တွေပဲ ကောက်ခါကြတော့ သူတို့ကလည်း ပေးနိုင်တဲ့ခါကျတော့ သူတို့လည်းပေးတယ်။ သူတို့အမြတ်လည်း ကျန်တယ်ဆိုတဲ့ခါကျတော့ ဒီတိုင်းပဲ သူတို့…သစ်ထုတ်မှုတွေ အမြဲတမ်းပဲဆက်လက် ပြီးတော့ ရှိနေမှာပဲပေါ့နော” ဟု ပြောပါသည်။
KEG အဖွဲ့သည် ကရင်နီပြည်တွင်း၌ သစ်တောပြုန်းတီးမှု လျော့ကျရေးအတွက် သစ်တောဆိုင်ရာပညာပေး အစီအစဉ်များနှင့် သစ်ပင်ပြန်လည် စိုက်ပျိုးရေးအစီအစဉ်များကို ဒီးမောဆို၊ ဖရူဆိုနှင့်လွိုင်ကော်မြို့နယ်များ တွင် လုပ်ဆောင်လျက်ရှိသည်။
“သစ်ပင်တပင် ခုတ်လိုက်ရင်တော့ ဒီသစ်ပင်ပြုန်းတီးသွားပေမယ့် ဥပမာ တခြားဟာတွေ တခြားဟာဆိုတာ တခြား…အကောင်ပလောင်တွေ ဥပမာ… သစ်တောကိုမှီခိုနေတဲ့… တိရိစ္ဆာန်တွေလည်း… သူတို့ရဲ့စားကျက် မြေတွေ ပျောက်ဆုံးတယ်ပေါ့” ဟု KEG တာဝန်ခံလိလီက သစ်ခုတ်ခြင်း၏ အကျိုးဆက်ကို ရှင်းပြသွားသည်။



