ကရင်နီဒုက္ခသည် သက်ကြီးရွယ်အို မိမိကိုယ်ကို အဆုံးစီရင်

ကရင်နီဒုက္ခသည် သက်ကြီးရွယ်အို မိမိကိုယ်ကို အဆုံးစီရင်
by -
နှောင်းလှိုင်

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းရှိ ရပ်ကွက် ၁၃ တွင် နေထိုင်သော အသက် ၆၆ နှစ်အရွယ် အမျိုး သား တဦးသည် မိမိလည်ပင်းတွင် ကြိုးကွင်းစွပ်ပြီး ကိုယ့် ကိုယ်ကို အဆုံးစီရင်လိုက်သည်။

ယမန်နေ့ နို၀င်ဘာလ ၂ ရက်နေ့၊ နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ဦးပိုးရယ်သည် မိမိနေအိမ်၌ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းဖြစ်သည်။ အဘယ်ကြောင့် အဆုံးစီရင်ရသည်ကို မိသားစုဝင်များက အကြောင်းတစုံတရာ မသိရကြောင်း ဆိုသည်။

“ကျနော်တို့ ပြန်တွေ့တဲ့အချိန်မှာ အဖေက အသက်တောင် မရှိတော့ဘူး။ သူ့နကိုယ် ကြိုးနဲ့ သတ်သေနေပြီ” ဟု အသက် ၁၉ နှစ်အရွယ် သားဖြစ်သူ ဘော်ရယ်က ပြောသည်။

ခူးပိုးရယ်၏ အလောင်းအား ယနေ့မနက်ပိုင်းတွင် မိသားစုများက ကရင်နီဒုက္ခသည် စခန်း ရပ်ကွက် ၉တွင် မြေမြုပ်သဂြိုလ်လိုက်သည်ဟု သားဖြစ်သူက ပြောသည်။

အခင်းဖြစ်ပွားသည့်အချိန်မှာ အိမ်ထဲတွင် မည်သူ တဦးတယောက်မျှ မရှိကြောင်း၊ ပုံမှန် အမူအယာ မဟုတ်သည့်အတွက် အမျိုးသမီးဖြစ်သူ မော်ပိုးမယ်သည် သမီးအား သွားခေါ်ပြီးပြန်ရောက်လာသည့် အချိန်တွင် အသက်ဆုံးသွားပြီဟု ဆိုသည်။

ကွယ်လွန်ချိန်တွင် ခူးပိုးရယ်သည် ဇနီးဖြစ်သူ မော်ပိုးမယ်နှင့်အတူ သား ၃ဦးနှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့သည်။

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းတွင် ရပ်ကွက်အားလုံးပေါင်း ၂၀  ခု ရှိပြီး လူဦးရေ တသောင်းကျော်ခန့် ရှိသည်။

Most read this week