ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ နည်းပညာ တက္ကသိုလ်ကျောင်း အဆောက်အဦး၏ အရှေ့ မျက်နှာစာ ကွန်ဂရစ်တိုင် ကျွံကျ၍ အကြီးစား ပြင်ဆင်မှုလုပ်ငန်းများလုပ်နေကြရသည်ဟု ဆိုသည်။
“ကျောင်းရဲ့ မိုဒ်ဦး အလည်တည့်တည့်မှာ တိုင်သုံးလုံးက တပေကျော် ကျွံ့ကျနေတယ်။ အဆောက်အဦးက အနိမ့်အမြင့် မညီတော့ပဲဖြစ်နေတယ်။ တိုင်ပတ်ပတ်လည် မြေစာတူး ထုတ်နေတယ်” ဟု အခြေအနေကို မြင်တွေ့ခဲ့ရသည့် ဒေသခံတဦးကပြောသည်။
နည်းပညာတက္ကသိုလ်ကျောင်း၏ အဆောက်အဦး ဆောက်ထားသော မြေနေရာသည်လွိုင်ကော်မြို့ စွန်ရှိ မြကလပ်တောင်စောင်းပေါ်တွင်ဖြစ်ပြီး မြေနေရာညှိထားခြင်းကြောင့် သဘာဝမြေခံအမာမရှိပဲ အောက်ခြေသည် မြေစာများပင်ရှိသည်။
ကျွံကျနေသည့် မျက်နှာစာတိုင်များမှ အချိန်မှီ မပြုပြင်နိုင်ပါက တကျောင်းလုံး ပြိုကျပျက်စီး သွားနိုင်သည်ဟု ဆောက်လုပ်ရေး ပညာရှင်တဦးက ပြောသည်။
“ကျောင်းဆောက်တုန်းက အမြန်ပဲလုပ်တာ။ သဘာဝမြေခံအမာမှမရှိတာ တိုင်ကလည်းအလေးချိန် များတော့ ကျွံကျတယ်။ အဖြစ်သဘောပဲလုပ်ထားတော့ အရမ်းအန္တရာယ်များတယ်” ဟု အဆိုပါ ပညာရှင်ကပြောပါသည်။
အပေါ်ထပ်တွင် တက္ကသိုလ်ကျောင်းသူ/သားများက အတန်းတက်နေလျက်ရှိနေကြပြီးကွန်ဂရစ်တိုင် ကို ဆောက်လုပ်ရေး အင်ဂျင်နီယာများနှင့် အလုပ်သမားများကပြန်လည်တူးဖော်လုပ်ကိုင်နေကြ သည်။
၎င်းနည်းပညာတက္ကသိုလ်ကျောင်း အဆောက်အဦးကြီးက ို၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။



