ဒီနေ့မနက် ၈ နာရီလောက်မှာ ထိုင်-မြန်မာ နယ်စပ် အမှတ် ၁ ဒုက္ခသည်စခန်း အတွင်းမှာ ရှိတဲ့ လူသွားလမ်းနဲ့ ကားလမ်းမတွေတလျှောက် လူတွေပြည့်ကြပ်လို့နေပါတယ်။
အယောက်လေးထောင်လောက် ရှိတဲ့လူအုပ်ကြီးက “ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေး… ဒို့အရေး(၂)။ ကရင်နီပြည် အချုပ်အချာအာဏာ တည်တန့်ခိုင်မြဲရေး… ဒို့အရေး(၂)။နယ်ချဲ့အစိုးရအာဏာပိုင် များ ကျဆုံးရေး…..ဒို့အရေး(၂)။ ကရင်နီအမျိုးသားခုခံတော်လှန်ရေး… အောင်ရမည်…အောင်ရမည် (၂)။” ဆိုတဲ့ကျွေးကြော်သံတွေနဲ့ ရပ်ကွက် -၈ အားကစားကွင်းပြင်ဆီကို တစ်စီတစ်တန်းကြီး ချီတက်သွားကြပါတယ်။ အဲဒီထဲက အများစုကတော့ကရင်နီမျိုးနွယ်စုတွေထဲကကျောင်းသားလူငယ် လေး တွေပါဘဲ။
သူတို့လေးတွေဟာ ယခု ဇွန်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ဟောပြောပွဲအခမ်းအနားကိုသွားရောက်လေ့လာကြမှာပါ။ ကရင်နီ အမျိုးသား နေ့ဟာ ကရင်နီပြည်မှာနေထိုင်တဲ့ မျိုးနွယ်စုတွေအားလုံးကိုကိုယ်စားပြုတယ်ဆိုပေ မယ့် မြန်မာစစ်အစိုးရအဆက်ဆက် လက်ထက်မှာတော့ အသိအမှတ်မပြုဘဲပိတ်ပင်ထားခြင်းခံရ တဲ့အတွက် ပြည်တွင်းမှာ နေထိုင်တဲ့ကရင်နီလူငယ်တွေအနေနဲ့ ကိုယ့်မှာအမျိုးသားနေ့ရှိမှန်းတောင်မသိကြတော့ ပါဘူး။
“ဒီနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ကရင်နီအမျိုးသားနေ့ဟာ ဗမာ လုံးဝ အသိမှတ် မပြုဘူး။ ဗမာလုံးဝ လက်မခံဘူး။ အဲဒါကြောင့်မို့လို့ ကျနော် ဒီစကားကို ပြောရင် ဗမာကို တော်တော် ထိခိုက်တယ်။ သမိုင်းအရ ပြန်ထောက်လို့ရှိရင် ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည် ဖြစ်တယ်ဆိုတာ ဒါသက်သေ။ သက်သေပြခြင်း ဖြစ်တဲ့အတွက်ကြောင့် ဗမာ အစိုးရ အဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့ စာရင်းထဲမှာ မထည့်ဘူး။”
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဒု-ဥက္ကဌ ခွန်းအယ်ဘယ်တွီးက ယခု ဇွန်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခန်းအနားကိုတက်ရောက်တဲ့ လူအယောက် ၄ ထောင်ကျော်ရှေ့မှောက်မှ ဟောပြောသွားခဲ့တာပါ။
မြန်မာအစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ နေနေရတဲ့အတွက် ကရင်နီသမိုင်းနဲ့ ပတ်သက်ပြီးလေ့လာသင်ယူ ရမယ့် အခွင့်အလမ်းမရှိခဲ့တဲ့ ကရင်နီပြည်တွင်းမှ လူငယ်အမျိုးသမီးဖြစ်တဲ့ မော်ဌေးမြာကယခုလိုပြော ပါတယ်။
“အနှောက်ဖက်ကမ်းမှာတော့ လွတ်လပ်ရေးနေ့ဆိုရင်တော့ အခမ်းအနားတွေတက်ဖူးတယ်။တိုင်းရင်းသား ကိုခေါ်ပြီး ၀တ်စုံတွေနဲ့တက်ဖူးတယ်။ ကရင်နီအမျိုးသားနေ့ကိုတော့ အနှောက်ဘက်ကမ်းမှာမတက်ဖူး ဘူး။ ဒီ ၂၀၁၀ ရလပိုင်း၊ ၁၇ ရက်နေ့မှာ ဒီဒုက္ခသည်စခန်းကို စရောက်လာပါတယ်။ဒီဒုက္ခသည်စခန်း ရောက်မှ ကရင်နီအမျိုးသားနေ့ကျင်းပတယ်။ စာမေးပွဲမှာလည်း မေးဖူးတယ်။ ဒီတခေါက်တော့ကိုယ်တိုင် တက်ရောက်ဖူးတယ်ပေါ့။”
ကရင်နီသမိုင်းကြောင်းရ လွန်ခဲ့တဲ့ BC ရ၃၉ နှောက်ပိုင်း ကရင်နီအမျိုးသားတို့ကိုနှစ်တစ်ရာတိုင် ကျွန်အဖြစ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ယွန်းတွေကို ကရင်နီအမျိုးသားတရပ်လုံးမှ စုစည်းညီညွတ်မှုဖြင့် တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။
ခရစ်သက္ကရာဇ် ၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ ဗမာဘုရင်နဲ့ ဗြိတိသျှဘုရင်အစိုးရတို့ကကရင်နီ ပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ် အသိအမှတ်ပြုရန် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့တဲ့နေ့ရက်ကို အစွဲပြုပြီးပြည်နယ် အတွင်း မှီတင်းနေထိုင်ကြတဲ့ မျိုးနွယ်စုအားလုံးတို့မှ ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။
ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာရခြင်းနဲ့ ပတ်သက်ပြီး ခွန်းအယ်ဘယ်တွီးက အခန်းအနားမှာ ယခုလိုရှင်းပြပါတယ်။
“မင်းတုန်းမင်းခေတ်မှာတော့ ကရင်နီနယ်မြေကိုသိမ်းမယ် တကဲကဲလုပ်လာကြတယ်။ နှောက်တော့ ဗြိတိသျှနဲ့ထိပ်တိုက် ပြဿနာကို မရင်ဆိုင်ရအောင်ဆိုတဲ့အနေနဲ့ ဆိုတော့ သဘောက ကရင်နီကို ကြားနေနိုင်ငံပုံစံမျိုးရှိပြီးတော့ ကရင်နီနဲ့လွတ်လွတ်လပ်လပ်နေဖို့။ ကျနော်တို့ ဘယ်အဖွဲ့အစည်းကမှ ၀င်ရောက်ချုပ်ချယ်ချင်တာ မရှိဖို့ဆိုတဲ့အနေနဲ့ သက္ကရစ် ၁၈၇၅ခု ဇွန်လ ၂၁ရက်နေ့ ဒီလိုနေ့အချိန်အခါမှာ ဗြိတိသျှနဲ့ အင်းဝဘုရင်က သဘောတူညီချက်အရ ဗြိတိသျှကိုယ်စားလှယ်… ဗမာဘက်မှာဆိုရင် ဗမာဘုရင် ကင်းဝန်မင်းကြီးက ဗမာပြည်ကိုယ်စားပြုပြီးတော့ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်တယ်ဆိုတာ...အသိအမှတ်ပြုတယ်။ လက်မှတ်ထိုးတယ်။”
ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်ကြောင်း ဗမာဘုရင်နဲ့ဗြိတိသျှဘုရင်အစိုးရ တို့ကနေပြီး ဘယ်လိုအသိအမှတ်ပြုခဲ့ကြလဲဆိုတာနဲ့ ပတ်သက်ပြီး ကရင်နီသမိုင်းမှတ်တမ်းများစုစည်း ရေးသားသူ ခူးဘျားရယ်ပေါလူက ယခုပြောပါတယ်။
“ဖြစ်စဉ်က အနောက်ကရင်နီဖြစ်တဲ့ ခွိစနဲ့ ခွိကေးဖိုးဒူရဲ့သား ခွိစခွသီ သူ့နယ်မြေတည်မြဲရေးကနယ်ချဲ့ အင်္ဂလိပ်တွေကို သွားပြီးတော့မှ မဟာမိတ်ဖွဲ့လိုက်တယ်။ ဒီအပေါ်မှာ သူတို့ရရှိတဲ့အမြတ်ကမဟာမိတ် အင်္ဂလိပ်တွေ ပါ၀င်မှုပေးပြီးတော့မှ သီးခြားလွတ်လပ်ရေးအတွက် လွမ်းမိုးဖို့ကြိုးစားတယ်။ ဒါပေမယ့် လွမ်းမိုးဖို့ကြိုးစားတုန်းမှာဘဲ အနောက်အုပ်စုက အင်္ဂလိပ်ဆီမှာသွားပြီးတော့မှသူ့ရပ်ရွာဒေသတည်မြဲရေး အတွက် ရယူလိုက်တော့။ ဟိုဘက်ကအနောက်အုပ်စုက ပိုပြီးအားကောင်းတာကိုး၊အကောင် ပိုကြီးတော့ အင်္ဂလိပ်ပါ၀င်မှုနဲ့… သီးခြားလွတ်လပ်တဲ့ နေရာပေးရမယ်ဆိုပြီးတော့မှ ဗမာပြည်ကအသိအမှတ်ပြုလိုက် ရတယ်။”
ယနေ့ ကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ကရင်နီပြည်တွင်းမှအပ ပြည်ပရှိ ကရင်နီအမျိုးသားတွေ သွားရောက်နေထိုင်ကြတဲ့ အမေရိကန်၊ ဖင်လန်၊ သြစတေးလျးနဲ့ နယူးဇီလန်နိုင်ငံတို့မှာလည်း ကျင်းပပြုလုပ်ကြလို့ သိရပါတယ်။



