သစ်ရှားပါး၍ စက်မှုဇုံတွင် သစ်ထုတ်လုပ်ငန်း မလုပ်နိုင်

သစ်ရှားပါး၍ စက်မှုဇုံတွင် သစ်ထုတ်လုပ်ငန်း မလုပ်နိုင်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင် သစ်များ ရှားပါးလာသောကြောင့် ယခုတွင် သစ်ထုတ်လုပ်မှု လုပ်ငန်းများ မလုပ်နိုင် ကြောင်း လွိုင်ကော်မြို့ အမှတ် ၁ စက်မှုဇုံကပြော သည်။

“အရင်တုန်းကတော့ သစ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်လို့ ကောင်းတယ်။ အခုကတော့ ရှားသွားပြီ” ဟု စက်မှုဇုံမှ ဒေသဆိုင်ရာ စက်မှုလုပ်ငန်း ကော်မီတီ အတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောသည်။
teak_industry_zone
အမှတ် ၁ စက်မှုဇုံသည် လွိုင်ကော်မြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ နွားလဝိုးကျေးရွာ အနီးတွင် တည်ရှိပြီး၊ ထိုစက်မှုဇုံတွင် သစ်ထုတ်လုပ်မှု လုပ်ငန်းများ အပါအဝင် အခြားလုပ်ငန်း အမျိုးအစား ၁၅ မျိုးခန့် ရှိသည်။

ဇွန်လ ၉ ရက်နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာ၏ ဖော်ပြထားချက်အရ လွိုင်ကော်မြို့တွင် ကယားပြည်နယ် သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ၍ ကျွန်းပင်ပေါင်း ၂၀၀၀ စိုက်ပျိုးခဲ့သည်။ လွိုင်ကော် ကွန်ပြူတာသက္ကသိုလ် ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး (ခူးဘူးရယ်) တက်ရောက်အားပေးခဲ့သည်။

ယခင်နှစ် ဇွန်လ ၁၈ နှင့် ၁၉ ရက်နေ့တွင်လည်း လွိုင်ကော်မြို့ရှိ လွိုင်ကော် နည်းပညာတက္ကသိုလ်၊ ကွန်ဗျူတာ တက္ကသိုလ်နှင့် လွိုင်ကော် တက္ကသိုလ်မှ ကျောင်းသူကျောင်းသား အယောက် ၈၀ ခန့်သည် ဒီးမော့ဆိုမြို့နယ် ဆိုဘောသဲကျေးရွာက ရေဝိုင်းတောင်တွင် စုစုပေါင်း ဧက ၂၅ ခန့် ရှိသော ကျွန်းပင်၊ သရက်ပင်၊မယ်ဇလီပင် နှင့် ယမနေပင်များကို စိုက်ပျိုးခဲ့ကြသည်။

ကရင်နီပြည်တွင် ယခုလက်ရှိ သစ်တောဧရိယာသည် ယခင်ရှိရင်းစွဲ၏ ၂၀ ရာခိုင်နှုန်းခန့်သာ ကျန်တော့မည်ဟု ကရင်နီ အမြဲစိန်းလန်းသော အဖွဲ့ (Karenni Even Green)က ခန့်မှန်းထားသည်။

ကရင်နီပြည်တွင် သစ်များကို ခုတ်ယူထုတ်လုပ်သော အဖွဲ့များမှာ ထူးကုမ္ပဏီ၊ ကယားဖူး သစ်ထုတ်ရေး ကုမ္ပဏီ၊ မြန်မာ့ သစ်ထုတ်လုပ်ရေးနှင့် မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ယူထားသော အဖွဲ့များ ဖြစ်သည်ဟု သိရသည်။

Most read this week