ကရင်နီ(ကယား)ပြည်နယ် ၀န်ကြီးများအတွက် အိမ်ရာ ဆောက်လုပ်နေဆဲ ဖြစ်၍ လွိုင်ကော်မြို့၌ အိုးအိမ်မရှိသေးသော ၀န်ကြီးများအိမ်ငှားနေကြ ရသည်ဟု ကယားပြည်နယ် လွှတ်တော်အမတ် တစ်ဦးက ပြောသည်။
“လောလောဆယ် လွိုင်ကော်မှာ အိမ်မရှိသေးတဲ့ တချို့ဝန်ကြီးတွေ လွိုင်ကော်မှာ အိမ်ပိုင်အိုးပိုင်မရှိသေး ဘူးဆိုတော့ ငှားရန်ပြီးနေကြတာပေါ့၊ တချို့ကတော့ ဆွေမျိုးအိမ်မှာနေရတာပေါ့။ အဆောက်အဦးမပြီးသေးလို့ ငှားနေရမှာလောလောဆယ်။ အခုမှ ဆောက်နေတုန်းမပြီးသေးဘူး။ နှစ်လသုံးလလောက် ခဏငှားနေရ တာပေါ့”
လက်ရှိ လွိုင်ကော်မြို့တွင် အိမ်ငှားနေကြသည့် ၀န်ကြီးများမှာ တခြား ဒီးမော့ဆိုမြို့၊ ရှားတောမြို့နှင့် တခြား နယ်ဝေးတွင် နေထိုင်ကြသော ၀န်ကြီးများ ဖြစ်ကြသည်။
၀န်ကြီးချူပ်နှင့် ၀န်ကြီးများအလိုက် အဆင့်အတန်းခွဲပြီး အဆောက်အဦးကို လွိုင်ကော်မြို့တွင်ဆောက်လုပ်နေ ဆဲဖြစ်သည်ဟု အမတ်က ဆက်ပြောသည်။
“၀န်ကြီးအိမ်ဆိုတော့ ၀န်ကြီးအဆင့်နဲ့ လျောညီစွာပဲ တိုက်အိမ်ဆောက်ဖို့ ရှိတာပေါ့။ သူတို့သတ်မှတ်ထားတဲ့ ၀န်ကြီးချူပ်တို့၊ ဥက္ကဌအိမ်တို့ ၀န်ကြီးအိမ်တွေတို့ သူ့အဆင့်နဲ့တူ သတ်မှတ်ထားတဲ့ အိမ်တွေရှိတယ် အိမ်တွေ ဆောက်တာတော့ မပြီးသေးဘူး။”
ကရင်နီ ပြည်နယ်တွင် ၀န်ကြီးချူပ် ဦးခင်မောင်ဦး(ခ)ဦးဘူးရယ်ဖြစ်ပြီး ၀န်ကြီးဌာန (၉) ခု နှင့် ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဌါန များဖြစ်ကြသည်။
၎င်း ကယားပြည်နယ် ၀န်ကြီးများမှာ လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌါန ဗိုလ်မှူးကြီးတင်စိုး (စစ်တပ်)၊ စီမံ/စီးပွား ၀န်ကြီး ဌါန ဦးတော့ရယ်၊ ဘဏ္ဍ/ အခွန် ၀န်ကြီး ဌါန ဦးသန်းကျော်စိုး၊ စီးပွားရေး ၀န်ကြီး ဌါန ဦးရဲဝင်၊ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌါန ဦးစောဟူးဟူး၊ လူမှုရေး ၀န်ကြီး ဌါန ဦးကိုးရယ်၊ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး ဌါန ဦးချစ်လှ၊ ဆောက်လုပ်ရေး ၀န်ကြီး ဌါန ဦးပိုးရယ်ရန်အောင်၊ ပြန်ကြားရေး နှင့် ယဉ်ကျေးမှု ၀န်ကြီး ဌါန ဦးအောင်နိုင်ဦးနှင့် ဗမာတိုင်းရင်းသား ရေးရာ ၀န်ကြီးဌါန ဦးစိန်ဦးတို့ ဖြစ်ကြသည်။



