ကရင်နီပြည်တွင် ဖောက်ခွဲရေးသမားများရှိနိုင် သည်ဟု အကြောင်းပြ၍ လွိုင်ကော်မြို့မှတခြား မြို့များနှင့် ပြည်နယ်သို့ သွားလာသည့်ခရီးသည် များအား အစိုးရစစ်တပ်မှ တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည်ဟု သိရသည်။
ကရင်နီဘက်မှ နေပြည်တော်ကို ဖောက်ခွဲရန် ၀င်လာသူရှိသည်ဟု သတင်းရရှိထားသည့်အတွက် တာဝန်ရှိရဲအပြင် စစ်တပ်များကိုပါ လုံခြံုရေးအတွက် စစ်ဆေးရေး လုပ်နေခြင်းဖြစ်သည်ဟု မြို့ခံတို့က ဆိုသည်။
“ပြောတာတော့ ဖောက်ခွဲရေးသမား အယောက် ၂၀ ရောက်လာတယ်လို့ သတင်းရတယ်။ ကရင်နီကလူ ပြောတာပဲ” ဟုလွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါသည်။ ကရင်နီပြည်လွိုင်ကော် မြို့မှ တခြားမြို့နယ်သို့ သွားလာသည့်လမ်းမတ လျှောက်တွင် စစ်တပ်များ တင်းကြပ်စွာချထားပြီး ခရီးသွားများနှင့် လူထုများအား မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်ဟု ဆိုသည်။
“လွိုင်ကော်အကျော်မှာ တစ်ဂိတ်ရှိတယ်။ ပြီးတော့ မိုးဗြဲနဲ့ ဖယ်ခုံကြားမှာ တစ်ဂိတ်ရှိတယ်။ ဂိတ်နာမည်တော့ မသိဘူး။လွိုင်ကော်အကျော် က ဂိတ်ဆို တအားစစ်တယ်။ လွယ်အိတ်ကို တောင် ဖွင့်ကြည့်ပြီး စစ်တယ်လေ” ဟု ဆီးဘူးမှ ခရီးသည်တစ်ဦးက ပြောသည်။
လွိုင်ကော်မှ ရှမ်းပြည်သို့သွားသည့် မိုးဗြဲ၊ ဖယ်ခုံနှင့် ဆီးဘူးလမ်း၌ ပိုမိုစစ်ဆေးမှုတင်းကြပ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၀၁၀ ခုနှစ်က လွိုင်ကော်မြို့ နာရီစင်အနီး ရဲစခန်းအတွင်း၌ အသေခံဗုံးဖောက်ခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရဲများဒါဏ်ရာရရှိခဲ့ကြသည်။



