ကရင်နီပြည် လေမုန်တိုင်း ရွာတဝက်ကျော် ပျက်စီး၊ ရွာသားအချို့ ဒါဏ်ရာရ

ကရင်နီပြည် လေမုန်တိုင်း ရွာတဝက်ကျော် ပျက်စီး၊ ရွာသားအချို့ ဒါဏ်ရာရ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် လောကျေခူ (လော က ယေခူ) ကျေးရွာတွင် ယခုလ ၁၃ရက် နေ့က လေမုန်တိုင်း ကျရောက်၍ရွာတဝက် ကျော် ပျက်စီးဆုံးရှုံးပြီးရွာသားအချို့ဒါဏ်ရာရရှိခဲ့ကြ သည်ဟု ဆိုသည်။

stoming_in_pruhsoပြီးခဲ့သည့် ၁၃ ရက်နေ့ ညနေ သုံးနာရီ အချိန်တွင် ကျရောက်ခဲ့သည့် လေမုန်တိုင်းသည် အိမ်ခြေ ၅၂ လုံးအနက် ၃၀ အား ပျက်စီးစေခဲ့ပြီး စပါးကျီ ၁၁ လုံးပါ ပြိုလဲပျက်စီးစေခဲ့သည်ဟု ဒေသခံများက ပြောသည်။

“တခါမှ မကြံုဖူးတဲ့ မုန်တိုင်းဘဲ။ ရွာသားအချို့ ဒါဏ်ရာရတယ်။ အသေအပျောက်တော့ မရှိဘူး” ဟုလောက ယေခူရွာသားတဦးက ပြောသည်။

မုန်တိုင်းကြောင့် အိုးအိမ်မဲ့ ဖြစ်နေရသော ရွာသားများအား ကက်သလစ် ဂရုဏာ အဖွဲ့မှ လောလောဆယ် ပြုစုစောင့်ရှောက်နေရကြောင်း သိရသည်။

Most read this week