တပ်ပြေးတစ်ဦး ပစ်သတ်ခံရ

တပ်ပြေးတစ်ဦး ပစ်သတ်ခံရ
by -
ကန္တရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် အမှတ် ၂ ခရိုင်မှ တပ်စွဲထားသည့် စစ်အစိုးရတပ် ပွိုင့် ၂၂၂ ခလရ ရ၂ မှ အသက် ၂၂ နှစ်ရှိ တပ်သား တစ်ဦး လက်နက်များ ယူဆောင်ပြီး ကရင်နီတပ် ရှိရာသို့ ဦးတည်၍ ထွက်ပြေးနေစဉ် ...

ကရင်နီပြည်နယ် အမှတ် ၂ ခရိုင်မှ တပ်စွဲထားသည့် စစ်အစိုးရတပ် ပွိုင့် ၂၂၂ ခလရ ရ၂ မှ အသက် ၂၂ နှစ်ရှိ တပ်သား တစ်ဦး လက်နက်များ ယူဆောင်ပြီး ကရင်နီတပ် ရှိရာသို့ ဦးတည်၍ ထွက်ပြေးနေစဉ် စစ်တပ်ဘက်မှ ပြန်လှည် ဖမ်းဆီးရမိကာ ပစ်သတ်ခြင်း ခံရသည်။

ကာကင်းကုန်းမှ စစ်အစိုးရတပ် တပ်စခန်းဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် တပ်တွင်းမှ ထွက်ပြေးပြီး ၁၁ ရက်နေ့ ည ၅ နာရီ အချိန်လောက်တွင် ပွိုင့် ၈၈၈ ကာကင်းကုန်းနှင့် ပွိုင့် ၂၂၂ ကုန်းကြားတွင် ခလရ ရ၂ မှ  ပြန်လည်ဖမ်းမိပြီး ထိုနေရာပင် ပစ်သတ်လိုက်သည်ဟု ကရင်နီတပ်မတော် စစ်ဦးစီးဌာနမှ ပြောပြချက်အရ သိရသည်။

ထိုတပ်သားသည် တပ်ခွဲမှူး၏ 9MM တလက်နှင့် MA4 တလက် ယူဆောင်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

“အနိုင်ကျင့်ခံရတော့ မခံနိုင်လို့ ထွက်ပြေးတယ်။ သူက တိုင်းရင်းသား ဖြစ်တယ်လေ။ သူက တိုင်းရင်းသား ရှမ်း၊ ကရင်၊ ကယားတို့ဆို တပ်မှာ သူများ နည်းနည်း ဖိနှိပ်ထားတယ်” ဟု ကရင်နီစစ်ဦးစီးဌာနမှ ထောက်လှမ်းရေး အရာရှိ တဦးက ပြောသည်။

မြန်မာစစ်သားများသည် အထက်အရာရှိများ၏ ဖိနှိပ်ချုပ်ချယ်မှုကို မခံနိုင်သည့်အပြင် အချို့မှာလည်း ပြန်ရမည့် ရက်စေ့သော်လည်း မပြန်ရသည့် စစ်သားများမှာ တပ်တွင်းမှ ထွက်ပြေးရန် မကြာခဏ ကြိုးပမ်းလေ့ရှိကြသည်ဟု ဆိုသည်။