ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံများမှ ပါလီမာန် ဖွဲ့စည်းလိုက်ပြီ

ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံများမှ ပါလီမာန် ဖွဲ့စည်းလိုက်ပြီ
by -
ကန္တာရ၀တီတိုင်း(မ်)

မြန်မာစစ်အစိုးရမှ ခေါ်ယူကျင်းပသည့် ရွေးကောက်ပွဲအား အယုံအကြည်မရှိကြသည့် တိုင်းရင်းသားအင်အားစုများနှင့် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရထားသော အမတ်များပူးပေါင်း၍ ယမန်နေ့က ပြည်သူ့လွှတ်တော်-ပြည်ထောင်စု မြန်မာနိုင်ငံသစ်တရပ် ဖွဲ့စည်း....

မြန်မာစစ်အစိုးရမှ ခေါ်ယူကျင်းပသည့် ရွေးကောက်ပွဲအား အယုံအကြည်မရှိကြသည့် တိုင်းရင်းသားအင်အားစုများနှင့် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရထားသော အမတ်များပူးပေါင်း၍ ယမန်နေ့က ပြည်သူ့လွှတ်တော်-ပြည်ထောင်စု မြန်မာနိုင်ငံသစ်တရပ် ဖွဲ့စည်းလိုက်သည်။

rimond_htooစစ်အစိုးရခေါ်ယူကျင်းပမည့် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် နှစ်ရက် အလိုမှာပင် တိုင်းရင်းသားအဖွဲ့စည်းများဖြစ်သည့် မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့က ၁၉၉၀ ရွေးကောက်ပွဲ တွင် အနိုင်ရထားသော အမတ်များနှင့် ကရင်နီထိန်းချုပ်နယ်မြေတနေရာတွင် အစည်းအဝေးတရပ်ကျင်းပပြုလုပ်ပြီး သဘောတူညီမှု ရရှိကာ ပါလီမာန်သစ်တရပ် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“တူညီတဲ့ အတွေးအခေါ်ပေါ်မှာ၊ ရည်မှန်းချက်အပေါ်မှာ ကျနော်တို့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကိုပဲ ကျနော်တို့က လက်တွဲကြမယ်။ အခုမှပဲ ကျနော်တို့က တိုင်းရင်းသားနဲ့ ကျနော်တို့ ဗမာအမျိုးသားတွေရဲ့ တူညီတဲ့ အမည်မျိုးကို ကျနော်တို့ရရှိတဲ့အပေါ်မှာလဲ ဒါကိုအကောင်အထည် ဖော်မယ်လေ” ဟု အသစ်ဖွဲ့စည်းထားသော ပါလီမာန် ဥက္ကဌ ဦးရီမာန်ထူးက ပြောသည်။

မြန်မာစစ်အစိုးရတို့ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသည့်အပြင် မနက်ဖြန်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ကိုလည်း လက်မခံသည့်အတွက် စစ်ရေးအရသော်လည်ကောင်း၊ နိုင်ငံရေးအရသော်လည်ကောင်း ဆန့်ကျင်ကန့်ကွက် သွားမည် ဖြစ်သည်ဟု ဆိုသည်။

“နအဖကို ဆန့်ကျင်တဲ့၊ ကန့်ကွက်တဲ့ ဒီအပစ်ခတ်ရပ်စဲတဲ့အဖွဲ့ အားလုံးနဲ့သော်လည်းကောင်း၊ နိုင်ငံရေး ပါတီတချို့နဲ့သော် လည်းကောင်း၊ နောက်အပြင်မှာရှိတဲ့ တိုင်းရင်းသားနဲ့ သော်လည်းကောင်း၊ လက်နက်ကိုင် တိုင်းရင်းသား အင်အားစု နဲ့ သူတို့ရဲ့ တတ်နိုင်တဲ့နည်းနဲ့ သူတို့နည်းနဲ့ လုပ်သွားပေါ့ စစ်ရေးနဲ့ပတ်သက်လာရင်၊ နိုင်ငံရေးနဲ့ လုပ်သွားရင်လဲ လုပ်သွားပေါ့ အဲဒါဆိုပါတယ်။ ကျနော်တို့ လက်တွဲဖို့ ရှိပါတယ်” ဟု ဦးရီမာန်ထူးက ပြောကြားသွားပါသည်။

စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရန် ပြည်တွင်းပြည်ပတွင် ရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပါလီမာန် ဒု-ဥက္ကဌဖြစ်သည့် ဦးနိုင်ဦးက ပြောသည်။

“နအဖစစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့လုပ်တယ်။ အဲဒါကို ကျနော်တို့မကြိုက်ဘူး။ ဒီမိုကရေစီရရှိအောင် လုပ်ချင်တယ်။ အဲဒီတော့ ဒီအဖွဲ့အစည်းတွေက အခုချိန်မှာ ပြည်တွင်းထဲမှာလည်းရှိတယ်၊ နယ်စပ်မှာလဲရှိတယ် လွတ်မြောက်နယ်မြေမှာလဲရှိတယ်။ ကျနော်တို့ဒီအဖွဲ့အစည်းတွေက တညီတညွတ်ထဲပေါင်း”

ယခုလို ပါလီမာန် ဖွဲ့စည်းခြင်းသည် ပြည်တွင်းပြည်ပ တွင်ရှိသော တိုင်းရင်းသားအဖွဲ့အစည်းနှင့် ဒီမိုကရေစီအင်အားစု အပြင် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်သော အမတ်များ စုပေါင်းပြီး ပထမဦးဆုံးအကြိမ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

စစ်အစိုးရခေါ်ယူကျင်းပသည့် ရွေးကောက်ပွဲမတိုင်မှီမှာ ယခုလို တိုင်းရင်းသားအင်အားစုများနှင့် ၉၀ ရွေးကောက်ပွဲအမတ်များမှ ပါလီမာန်ဖွဲ့စည်းလိုက်ခြင်းအပေါ် ပြည်တွင်းမှ အဖွဲ့အစည်းတော်တော်များများကလည်း ထောက်ခံအားပေးကြောင်း သိရှိရသည်။

 

 

 

 

Most read this week