မဲဆန္ဒရှင်များကို ပညာပေးရန်အတွက် ရွေးကောက်ပွဲကော်မရှင်နှင့် IRI အဖွဲ့ ပူပေါင်းဆောင်ရွက်မည်

မဲဆန္ဒရှင်များကို ပညာပေးရန်အတွက် ရွေးကောက်ပွဲကော်မရှင်နှင့် IRI အဖွဲ့ ပူပေါင်းဆောင်ရွက်မည်
by -
မဇ္စျိမ

 ရွေးကောက်ပွဲ ကော်မရှင်နှင့် International Republican Institute (IRI) နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် မဲဆန္ဒရှင်များကို နိုင်ငံတကာ စံချိန်စံညွှန်များ မျှဝေပေးနိုင်ရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

“အဓိက အကူအညီပေးတာကို ကျေးဇူးတင်ပါတယ်။ အကူအညီပေးတဲ့နေရာမှာ အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေ လိုက်နာဖို့ လိုပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက IRI အဖွဲ့အား ပြောသည်။

Election-2015

International Republican Institute  ဌာန၏ ညွှန်ကြားရေးမှူး Mr.Stephen Cima က IRI အနေဖြင့် နိုင်ငံရေး ပါတီများ၏ စွမ်းရည်မြှင့်တင်းရေးနှင့် မဲဆွယ်စည်းရုံးရေးစွမ်းရည် မြှင့်တင်းရေးများကို သင်တန်းများပိုချလျှက်ရှိသည်။

IRI အဖွဲ့ အနေဖြင့် နိုင်ငံရေးပါတီများ၊ CSO များနှင့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်မည် ဆိုလျှင် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲများကို အသိပေးဆောင်ရွက်ရန် ပြောဆိုသည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူပေါင်းဆောင်ရွက်လျှက်ရှိပြီး မြန်မာနိုင်ငံ ၏ ရွေးကောက်ပွဲကို ပွင့်လင်မြင့်သာစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

အဆိုပါအဖွဲ့သည် ယခင်က NLD ပါတီ တစ်ခုထဲကိုသာ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ပို့ချပေးခဲ့၍ ရွေးကောက်ပွဲကော်မရှင်၏ သတိပေးခြင်းခံခဲ့ရဖူးသည်။ ထို့ကြောင့် ယခုကဲသို့ ရွေးကောက် ပွဲ ကော်မရှင်နှင့် ပူပေါင်းဆောင်ရွက်ရန် တောင်းဆိုလာခြင်း မှာ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတများ ကို နိုင်ငံရေးပါတီများအား တရားဝင်ကျယ်ကျယ် ပြန်ပြန့်ပိုချခွင့် ရရရေးအတွက်ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။