ထီးချိုင့်မြို့နယ် တုံလုံကျေးရွာ စာကြည့်တိုက်ဆောက်ဖို့ အခက်အခဲဖြစ်

ထီးချိုင့်မြို့နယ် တုံလုံကျေးရွာ စာကြည့်တိုက်ဆောက်ဖို့ အခက်အခဲဖြစ်
by -
မဇ္ဈိမ

စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ်မှ တုံလုံ ကျေးရွာသစ် တည်ထောင်ပြီးနောက် ယင်းကျေးရွာအတွက် တည်ထောင်မည့် စာကြည့်တိုက်အဆောက်အအုံမှာ ဖေါင်ဒေးရှင်းအဆင့်သာ တည်ဆောက်ပြီးစီးပြီး ဆက်လက် တည်ဆောက်ရန် ငွေကြေးမလုံလောက်မှု ဖြစ်ပေါ်နေသည်။

စာကြည့်တိုက် ဆက်လက် ဆောက်လုပ်နိုင်ရန် ကျေးရွာရှိ အလှူရှင်များ၏ ငွေကြေးဖြင့် မလုံလောက်သည့်အတွက်စေတနာအလျောက် လုပ်အားပေးကြရန်လည်း နှိုးဆော်ထားသည်ဟုလည်း တုံလုံ ကျေးရွာစာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ဦးပေသီးက ပြောသည်။

“စာကြည့်တိုက် ဖြစ်မြောက်ဖို့အတွက် ကျေးရွာကလူထုကို မိမိစေတနာအလျောက် လုပ်အားပေးဖို့ စည်းရုံးလို့မရမှာ စိုးပါတယ်။ စာကြည့်တိုက်အတွက်လည်း အလှူရှင်တွေ မယုံကြည်သွားမှာလည်း စိုးရိမ်ပါတယ်” ဟု ပြောသည်။

အဆိုပါ စာကြည့်တိုက် အဆောက်အအုံ တည်ဆောက်မှုသည် ဖောင်းဒေးရှင်းအဆင့်တွင်သာ ရပ်ထားနေရပြီး အဆောက်အအုံမှာ အလျား ၄၅ ပေ၊ အနံ ၃၈ ပေ အကျယ်အဝန်း ဆောက်လုပ်ရန် စီစဉ်ထားသည်။

တုံလုံကျေးရွာသည် ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မန္တလေး - ဗန်းမော် မဟာဗျူဟာ လမ်းမကြီးဘေးတွင် တည်ထားကာ အိမ်ထောင်စု ၁၆၃ စုရှိပြီး ဘုန်းကြီးကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းတို့ ရှိသည်။ ယင်းကျေးရွာကိုပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်စပိုင်းတွင် တည်ဆောက်ခွင့်ပြုခဲ့သည်။

Most read this week