CNA နဲ့ CDFs တို့ကိုစုစည်းပြီး ချင်းပြည်အစိုးရတပ်ဖွဲ့(CGF)ကို ဖွဲ့စည်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်

CNA နဲ့ CDFs တို့ကိုစုစည်းပြီး ချင်းပြည်အစိုးရတပ်ဖွဲ့(CGF)ကို ဖွဲ့စည်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်

- ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDFs)တို့ကိုစုစည်းပြီး ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့(CGF)ကို ဖွဲ့စည်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ချင်းပြည်ကောင်စီက ပြောပါတယ်။ 

- ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နဲ့တွန်းဇံမြို့နယ်တွေမှာ အခြေစိုက်လှုပ်ရှားနေတဲ့ PDF-Zoland ထိန်းသိမ်းထားတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်သုံ့ပန်းအများအပြား ထွက်ပြေးလွတ်မြောက်သွားတယ်လို့ PDF-Zoland နဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

- ချင်းပြည်နယ်၊ လောက်တူဒေသ၊ နှာရိန်မြို့မှာ ဝက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်လာတာကြောင့် လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှာရိန်မြို့ကို ဝက်ရောဂါသံသယဖြစ်ပွားရာဒေသ(Suspected Outbreak)အဖြစ် သတ်မှတ်လိုက်ပါတယ်။

Most read this week

September 17, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းလခတိုးမြင့်ကောက်ခံလာမှုကြောင့်...
September 16, 2026
- နန့်ယား-ဖားကန့်ကားလမ်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများတာကြောင့် လမ်းပျက်စီးမှုတွေ...
September 16, 2026
- ရွှေကုက္ကိုလ်ဘက်က တရုတ်ကျားဖြန့်တွေ ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေထဲကို တဖြည်းဖြည်း...
September 15, 2026
- စစ်တပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ရခိုင်မှာ သမိုင်းဝင်ဘုရားပုထိုးတွေ...