စစ်တွေနှင့် ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲတွင် အထိနာသည့် စစ်အုပ်စုတပ် လေကြောင်းမှ ဗုံးကြဲ

စစ်တွေနှင့် ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲတွင် အထိနာသည့် စစ်အုပ်စုတပ် လေကြောင်းမှ ဗုံးကြဲ
ဓာတ်ပုံ - (AA / Crd)
ဓာတ်ပုံ - (AA / Crd)

ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့ ညနေပိုင်းတွင် စစ်အုပ်စုတပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က စတင်၍ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ထိုးစစ်ဆင်လာသည့် စစ်အုပ်စု တပ်ကို အာရက္ခတပ်တော် (AA) က ခုခံတိုက်ခိုက်ခဲ့ရာ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ အကျအဆုံး များပြားကာ တပ်ပြန်ဆုတ်သွားခဲ့ရသည်။

ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “စကစဖက်က သေဆုံးမှုများတယ်။ ချောင်းတွေနဲ့ ကာရီဘောင်တွေ၊ လယ်ကွင်းတွေမှာ အလောင်းတွေအများအပြားကျန်ခဲ့တယ်။ ဒီနေ့ည နေဖက် ၆ နာရီကျော်မှာ စစ်တွေမြို့နယ် မင်းလှကျေးရွာကို အဓိကထားပြီးဗုံးလာကြဲတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

၎င်းက ဆက်လက်၍ “တိုက်ပွဲကရွှေမင်းဂံချောင်းအနီးမှာအပြင်းအထန်ဖြစ်တာ။ အဲဒီချောင်းရဲ့ မြောက်ဖက် နေရာတွေမှာ အလောင်းတွေကျနေခဲ့တယ်။ ဒီကနေ့ညနေ ၆ နာရီကျော်အချိန်မှာ ဗုံးကြဲမှုတွေ ဆက်တိုက် လုပ်နေတယ်” ဟု ပြောသည်။

ထို့ပြင် ယမန်နေ့ တိုက်ပွဲအတွင်း အာရက္ခတပ်တော်၏ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွှေမင်းဂံစခန်း အနီးရှိ စစ်ရေယာဉ်များနှင့် စခန်းအတွင်းရှိ အဆောက်အအုံများ ပျက်စီးခဲ့ပြီး စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာ ရရှိခဲ့သည်။

မျက်မြင်ဒေသခံတစ်ဦးက “အရေးပေါ်လူနာတွေကို ယခင်လကတည်းက ထောက်ပို့တည်ဆောက်ထားတဲ့ ရွှေမင်းဂံ - ဆတ်ရိုးကျလမ်းကနေ စစ်တွေဆေးရုံနဲ့ တပ်ဆေးရုံသို့ ယူဆောင်နေရတာကို မြင်တွေ့နေရပါတယ်။ မနေ့ညက မနက်ပိုင်းကစယူတယ်။ သူတို့လူတွေကို ကျေးတော အကျော်က ကားတွေထားတယ်။ အဲဒီနားမှာ လက်နက်ကြီးစခန်းလည်းရှိတယ်။ အဲဒီကတဆင့် စစ်တွေဆေးရုံနဲ့ စစ်တပ်ဆေးရုံကို ယူတယ်” ဟု ပြောသည်။

ထိုးစစ်ဆင်မှုတွင် အထိနာ၍ ခံစစ်အဖြစ် ပြောင်းလဲသွားပြီးနောက် စစ်တွေမြို့ရှိ တပ်ရင်းများနှင့် စစ်ရေယာဉ် များမှ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဆက်တိုက် ပစ်ခတ်နေသည့်အပြင် လေကြောင်းမှပါ ဗုံးကြဲနေသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့ မြောက်ဘက်ရှိ သမိုင်းဝင် ဂူဝဘုရား၊ ပုထိုး၊ အဆောက်အအုံနှင့် ရှေးဟောင်းလက်ရာ ဂူရုပ်တုများလည်း ပျက်စီးသွားခဲ့ရသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...