Published
Tuesday, August 25, 2026
ရှမ်းပြည်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မြေရှားသတ္တုတူးဖော်မှုတွေ ပိုမိုများပြားလာနေ
- ရှမ်းပြည်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မြေရှားသတ္တုတူးဖော်မှုတွေ ပိုမိုများပြားလာနေတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလေ့လာသူတွေက ပြောပါတယ်။
- ရှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသမှာ မိုးစပါးရိတ်သိမ်းတဲ့ရာသီဖြစ်ပေမဲ့ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး အချိန်မီ စပါးမရိတ်သိမ်းနိုင်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
- မြန်မာ-ထိုင်းနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံဘက်ကို ဖြတ်သန်းသွားလာနိုင်ဖို့ သတ်မှတ်ထားတဲ့ အခကြေးငွေထက် စစ်အစိုးရ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကို ပိုမိုပေးဆောင်နေရတယ်လို့ ဆိုပါတယ်။






