စစ်တွေ၌ ရခိုင်လူငယ်တစ်ဦးကို စစ်အုပ်စုတပ်က ဖမ်းဆီးခေါ်ဆောင်သွား

စစ်တွေ၌ ရခိုင်လူငယ်တစ်ဦးကို စစ်အုပ်စုတပ်က ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်။

ဖမ်းဆီးခံရသူ လူငယ်မှာ စစ်တွေမြို့၊ ကသဲရပ်ကွက်မှ အသက် ၂၄ နှစ်အရွယ် ကိုသန်းအောင်စိုး ဆိုသူ ဖြစ်သည်။

ဩဂုတ်လ ၁၉ ရက်နေ့၊ ည ၈ နာရီကျော်အချိန်တွင် လက်သမားအလုပ် လုပ်ကိုင်ရာမှ ပြန်လာစဉ် ကသဲရပ်ကွက် အတွင်း ကင်းလှည့်နေသည့် စစ်အုပ်စုတပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ကင်းလှည့်နေတဲ့ စစ်သားနဲ့ ရဲ့ ၁၈ ယောက်ကဖမ်းသွားတာပါ။ အရက်စော်နံတယ်လို့ဆိုပြီး အကြောင်းမဲ့ ဖမ်း ဆီးသွားတာပါ။ မိသားစုနဲ့ ဒီနေ့ထိအဆက်သွယ်မရသေးဘူး” ဟု ၎င်းက ပြောသည်။

ကိုသန်းအောင်စိုးအား ဖမ်းဆီးသွားပြီးနောက် ရဲစခန်းသို့ လိုက်လံစုံစမ်းသော်လည်း အစအန မရဘဲ ပျောက်ဆုံး နေကြောင်း ၎င်းက ဆက်ပြောသည်။

“ဖမ်းသွားတာကိုရော၊ ကားပေါ်တင်သွားတာကိုရောမြင်လိုက်တယ် ဒါပေမဲ့ အဲဒီနေ့ကလည်း လိုက်တယ် မရဘူး။ နောက်နေ့မနက်လည်း အမှတ် (၁) ရဲစခန်းသွားတယ်။ သတင်းအစအနမရဘူး။ စစ်တွေက စစ်အုပ် ချုပ်ရေး သတ်မှတ်ထားတဲ့ မြို့လည်း မဟုတ်ဘူး။ သူတို့လက်ခုတ်ထဲကရေ လိုပါဘဲဥပဒေမဲ့ လုပ်ချင်သလို လုပ်နေကြတာ။”

ဩဂုတ်လ ၁၄ ရက်နေ့ကလည်း စစ်တွေအကျဉ်းထောင်မှ မတရားအသင်းပုဒ်မဖြင့် တရားစွဲဆိုခံရပြီး ထောင် ဒဏ်ချမှတ်ခံထားရသည့် ရခိုင်လူမျိုး ၄၀ ခန့် ထောင်မှ လွတ်မြောက်လာချိန်တွင် အမှတ် (၁) ရဲစခန်းက ထောင်ဗူးဝ၌ ကားဖြင့် လာရောက်၍ ပြန်လည်ဖမ်းဆီးသွားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍လည်း သတင်းအသေးစိတ် ရရှိနိုင်ရေးအတွက် ဆက်လက် စုံစမ်းမေးမြန်း လျက်ရှိသည်။

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...