နယ်စပ်လမ်းကြောင်း ထိန်းချုပ်ရန် ဖလမ်းနှင့် တီးတိန်သို့ စစ်တပ် အင်အား ၄၀၀ ထပ်မံဖြည့်တင်း

နယ်စပ်လမ်းကြောင်း ထိန်းချုပ်ရန် ဖလမ်းနှင့် တီးတိန်သို့ စစ်တပ် အင်အား ၄၀၀ ထပ်မံဖြည့်တင်း
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က ချင်းပြည်မြောက်ပိုင်းရှိ တီးတိန်နှင့် ဖလမ်းမြို့များသို့ အင်အားဖြည့်တင်းလျက်ရှိကြောင်း စစ်ရေး သတင်းရင်း မြစ်များက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှတစ်ဆင့် မော်တော်ယာဉ် ၁၃ စီးဖြင့် အင်အား ၂၀၀ ခန့်စီကို ချင်းပြည်နယ်မြောက်ပိုင်းရှိ တီးတိန်နှင့် ဖလမ်းမြို့များသို့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ထပ်မံ ဖြည့်တင်းလာခဲ့ခြင်း ဖြစ်သည်။

ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ PDF-Zoland စစ်ရေးတာဝန်ရှိသူတစ်ဦးက “၁၂ ဘီးကား ၅ စီးနဲ့ တီးတိန်မြို့ ဘက်နဲ့ ၁၂ ဘီး ၅ စီး၊ Forland ကား ၃ စီးနဲ့ ဖလမ်းဘက်ကို တက်လာတာရှိတယ်။ အဓိက အိန္ဒိယ-မြန်မာ နယ် စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အပိုင်းလို့ မြင်တယ်” ဟု  ပြောသည်။

ထိုသို့ အင်အားဖြည့်တင်းလာသည့် စစ်အုပ်စုတပ်များသည် တပ်မ (၇၇) လက်အောက်ခံ တပ်ဖွဲ့ဝင်များ ဖြစ်ကြ ပြီး အထူးရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဟားခါးမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၂၆၆) မှ အင်အား ၂၀၀ ခန့်သည်လည်း မော်တော်ယာဉ် များဖြင့် ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖလမ်းမြို့သို့ ထပ်မံ အင်အားဖြည့်တင်းခဲ့သည်။

မြို့များကို ထိန်းချုပ်ထားနိုင်သော်လည်း မြို့နယ်အတွင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ထိုးစစ်ဆင် သိမ်းပိုက်ရန် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “မြို့ပေါ်မှာ အင်အားစုပြီး နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်သိမ်းဖို့ ပြင်နေ တယ်လို့ သုံးသပ်ရတယ်။ အခုလည်း ဒရုန်းချတာ ကြိုတင်ရှင်းတဲ့ သဘောမျိုးပဲ” ဟု သုံးသပ်ပြောသည်။

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကုန်သွယ်ရေးအတွက် နယ်မြေ တည် ငြိမ်ရေး ဆောင်ရွက်မည်ဟု ပြောကြားခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တမူး-ကလေး လမ်းပိုင်းကို သိမ်းပိုက်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်နှင့် ချင်းပြည်နယ်စပ်ရှိ ရိဒ်ခေါ်ဒါရ်စခန်းကို တိုက်ခိုက်ရန် ပြင်ဆင် နေခြင်း ဖြစ်နိုင်သည်။

စစ်အုပ်စုတပ်သည် ဖလမ်းမြို့နှင့် မိုင် ၅၀ ကျော် ကွာဝေးသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်ခေါ်ဒါရ်အနီးရှိ သီးဘွာလ်ကျေးရွာကို ဩဂုတ်လ ၁၂ ရက် ညနေ ၃ နာရီတွင် အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့သော်လည်း လူနှင့် အဆောက်အအုံ ထိခိုက်မှု မရှိခဲ့ပေ။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမှတ် (၂) လမ်းပေါ်ရှိ ရိဒ်ခေါ်ဒါရ်မြို့ကို ချင်းပြည်ကောင်စီ (CC) အဖွဲ့ဝင်များ ဖြစ်ကြသည့် ချင်းအမျိုးသားတပ်မတော် (CNA)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Hualngoram နှင့် မဟာမိတ်တပ်ဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်ထားသည်။

ချင်းပြည်ရှိ မြို့နယ် ၉ မြို့နယ်အနက် ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ဟားခါးမြို့များကို စစ်အုပ်စုတပ်က ထိန်းချုပ် ထားပြီး မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝမြို့များကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကာ ထန်တလန်မြို့တွင်မူ နှစ်ဖက်တပ်များ တပ်စွဲထားကြသည်။

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...
ဓာတ်ပုံ - (ENWA) နန်းယွန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းဆောင် တစ်ခုကို တွေ့ရစဉ်
August 13, 2026
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် စာသင်ကျောင်း ၄၀ ကျော်...