- မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာနိုင်ခြေအတွက် ဖားအံအခြေစိုက် ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက အဆင်သင့်ပြင်ဆင်နေကြပေမယ့် အသက်ကယ်လှေနဲ့ လူအင်အား မလုံလောက်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က ဘားတွေကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဉ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပါဝင်ပတ်သက်မှုရှိနေတယ်ဆိုတဲ့ ထိုင်းမီဒီယာတချို့ရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေအပေါ် ကေအဲန်ယူ (KNU) က ပြတ်ပြတ်သားသားငြင်းဆန်ပယ်ချလိုက်ပါတယ်။
- မဲဆောက်မှာ မြန်မာရွှေ့ပြောင်းကလေးတွေအတွက်ပြုလုပ်တဲ့ သီချင်းဆိုပြိုင်ပွဲကနေ လူငယ်တွေဟာ သူတို့ရဲ့ အနုပညာအိပ်မက်တွေကို ပထမဆုံးအကြိမ် ရဲရဲဝံ့ဝံ့စတင်မက်ခွင့်ရစေခဲ့တယ်လို့ ပြိုင်ပွဲဝင် မြန်မာရွှေ့ပြောင်းကလေးငယ်တွေက ပြောဆိုကြပါတယ်။






