သထုံခရိုင်အတွင်း စစ်ရေးပြင်ဆင်မှုနဲ့ လေကြောင်းတိုက်ခိုက်မှု ပိုတိုးလာ

သထုံခရိုင်အတွင်း စစ်ရေးပြင်ဆင်မှုနဲ့ လေကြောင်းတိုက်ခိုက်မှု ပိုတိုးလာ

သထုံခရိုင်အတွင်းက မြို့နယ်အခြေစိုက်တပ်တွေမှာ အာဏာသိမ်းစစ်တပ်ဘက်က စစ်ရေးပြင်ဆင်မှု ပိုလုပ်လာပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပိုသုံးလာတယ်လို့ ဗျူဟာ ၂၇ ဗျူဟာ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစတင်ပြီး စစ်တပ်ဟာ သူတို့ရဲ့ နောက်တန်း တပ်စခန်းဧရိယာအတွင်းနဲ့ရှေ့တန်းစခန်းတွေမှာ ခံစစ်တွေကို အသေအချာ ပြင်ဆင်လာတယ်လို့ ဆိုပါတယ်။

သတင်းတွေအရ စစ်တပ်ဟာ ခံစစ်ပြင်ဆင်မှု ပိုလုပ်လာပြီး မြေပြင်ထိုးစစ်ထက် လေကြောင်းကို ပိုမိုသုံးစွဲလာကြောင်း၊ ဘီးလင်း ခမရ ၃ ကနေတက်လာတဲ့ စက်တပ်လေထီး ပါရာမော်တာတွေနဲ့ ကျေးရွာတွေဘက် ဗုံးပတ်ကြဲတာတွေ ရှိနေတဲ့အကြောင်း ဗျူဟာ ၂၇ ဗျူဟာမှူး ကိုအေးမင်းထွန်းက ပြောပါတယ်။

ခမရ ၃ တပ်ရင်းအတွင်းမှာ ပါရာမိုတာ ၃ စီးထက်မနည်း ရှိနိုင်ပြီး ဘီးလင်း၊ ကျိုက်ထို၊ သထုံနယ်တဝိုက်အထိ ဗုံးကြဲတာတွေရှိကြောင်း၊ ဒရုန်း၊ ဂျက်ဖိုက်တာ၊ Y 12 တွေနဲ့ လေကြောင်းကင်းထောက်ပြီး ဗုံးကြဲတာရှိတယ်လို့ ဆိုပါတယ်။

မြေပြင်ကနေ စစ်ကြောင်းထိုးပြီး တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ကျေးရွာတွေကို ဝင်လာတာမရှိသေးပေမယ့် ဝင်လာနိုင်တဲ့အခြေအနေတွေလည်း ရှိနေတာကြောင့် လိုအပ်တဲ့ပြင်ဆင်မှုတွေကို ပြုလုပ်ထားတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း လူငယ်တွေကို မတရားဖမ်းဆီး စစ်သားစုဆောင်းမှုတွေ ပြုလုပ်လာတာကြောင့် ယခင်ကထက် အင်အား ပိုများလာနေပြီး အင်အားသုံးစစ်ကြောင်း ထိုးလာတာတွေလည်းရှိနေနိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က လေကြောင်းကို အားပြုပြီး ပြည်သူ့နေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဘာသာရေးကျောင်းတွေကို ဗုံးကြဲနေတာကြောင့် ပြည်သူတွေရော တော်လှန်ရေးအဖွဲ့ဝင်တွေပါ သတိထားပြီး သွားလာလှုပ်ရှားသင့်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့မေလအတွင်း လေးကေ၊ ဝင်းတာပန် စစ်တပ်စခန်းသိမ်းတွေမှာ စစ်တပ်က ပါရာမော်တာ၊ Y12 ၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲမှု အကြိမ်ရေ ၅၀ ထက်မနည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...