ထားဝယ်မြို့ပေါ်မှာ အုပ်ချုပ်ရေးမှူး လင်မယားနှစ်ဦး အသတ်ခံရ

ထားဝယ်မြို့ပေါ်မှာ အုပ်ချုပ်ရေးမှူး လင်မယားနှစ်ဦး အသတ်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ဆန်ချီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကို လက်နက်ကိုင်ထားတဲ့ အမျိုးသား နှစ်ဦးက နေအိမ်ပေါ်အထိ တက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း အသက် ၅၂ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နဲ့ ဇနီးဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်စန်းထွေးတို့ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူ မသဲစုလွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ဟာ စစ်မှုထမ်းဖမ်းဆီးရာမှာ ဦးဆောင်ပါဝင်တာ၊ စစ်မှုထမ်းအကြောင်းပြပြီး ငွေညှစ်တဲ့ကိစ္စတွေ လုပ်ဆောင်နေသူဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်တပ် လော်ဘီတွေက ဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF လုပ်ဆောင်တာ ဖြစ်တယ်လို့ စွပ်စွဲထားပြီး PDF ဘက်ကတော့ ဒီဖြစ်စဉ်အပေါ် တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ထားဝယ်မြို့ပေါ်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်အစိုးရဘက်က လုံခြုံရေး တင်းကျပ်ထားပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဓာတ်ပုံ-CJ
June 1, 2026
ဘီးလင်းမြို့နယ်အတွင်းက ပြည်သူစစ်အဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်တပ်ဘက်က  ရှေ့တန်းပို့လို့...
May 30, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ...
May 29, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ စစ်မှုထမ်းအတွက် ဥပဒေမဲ့ ပေါ်တာဆွဲ...
May 28, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် ပလက်ဖောင်းတွေပေါ်မှာ အရက်သေစာ သောက်စားတာ...