စစ်တွေတွင် မွတ်ဆလင်တစ်ဒါဇင်နီးပါး ဖမ်းဆီးခံရ

စစ်တွေတွင် မွတ်ဆလင်တစ်ဒါဇင်နီးပါး ဖမ်းဆီးခံရ

ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁ ဦးကို အာဏာသိမ်းစစ်တပ်မှ ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

ရန်ကုန်မှ လေကြောင်းပြန်လာစဉ် စစ်တွေလေဆိပ်တွင် ဖမ်းဆီးခံရသူမှာ စစ်တွေမြို့နယ်၊ သံတော်လီရွာမှ အသက်( ၄၂ )နှစ်အရွယ်ဆူလီ ဆိုသူဖြစ်သည်ဟု ဒေသခံတစ်ဦးကနိရဉ္စရာကို ပြောသည်။

"သူက မေ ၃ ရက်နေ့က ရန်ကုန်ကနေစစ်တွေကိုလေယာဉ်နဲ့ ပြန်လာခဲ့တာပါ။ အဲဒီနေ့လေယာဉ်က ဆင်းလာတဲ့ အခါစရဖတွေက စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းသွားတယ်။ အခုထိမလွတ်သေး"ဟု ပြောဆိုသည်။

အလားတူမေလ ၃ ရက် တစ်ရက်တည်းအတွင်း ဆူလီကို ဖမ်းဆီးပြီးနောက်ညနေအချိန်တွင်လက်မချေရွာမှရွာတာဝန်ခံ၏ သားဖြစ်သူ မောင်ဘုချေ(ဇော်မီး)အပါနှစ်ဦးကို စရဖနှင့် ရဲပူးပေါင်းတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

"ညနေဖက်ဆိုတခါတည်း လက်မချေ မွတ်ဆလင်ရွာကိုဝင်တယ်။  ရွာတာဝန်ခံရဲ့ သားမောင်ဘုချေကိုဖမ်းတယ်။ ပြီးတော့နောက်တစ်ယောက်ပါ တခါတည်းဖမ်းယူသွားတယ်။"

သက်ကယ်ပြင်၊ ဒုံးပြင်တောင်၊  သံတော်လီ၊ လက်မချေနှင့် ဒုက္ခသည်စခန်းများမှ အမျိုးသမီးအပါမွတ်ဆလင် ၁၁ ဦးကို မေလ ၁ ရက်နေ့မှ ၅ ရက်နေ့ထိ အာဏာသိမ်းစစ်တပ်၏ ထောက်လှမ်းရေးတပ်ဖွဲ့  စရဖက ဖမ်းဆီးထားပြီး ယနေ့ထိ မိသားစုနှင့် အဆက်သွယ်မရရှိကြောင်း နီးစပ်သူများထံမှ သိရသည်။

July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...
July 8, 2026
ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ...