မွန်မှာ လျှပ်စစ်မီး အချိန်ပိုပေးမယ်ပြောမှ မီးပိုပျက်လာ

မွန်မှာ လျှပ်စစ်မီး အချိန်ပိုပေးမယ်ပြောမှ မီးပိုပျက်လာ

မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့ အာဏာသိမ်းအစိုးရအဖွဲ့ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက် မီးပိုပျက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်က ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့ အသိပေးလာတာပါ။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ အစီအစဉ်အရ တိုင်းနဲ့ပြည်နယ်တွေအတွက် ၁၂ နာရီသာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှုအစား အနည်းဆုံး ၁၄ နာရီ နေ့စဉ်ဖြန့်ဖြူးပေးမှုကို ဧပြီ ၂၂ ရက်နေ့ ညနေ ၃ နာရီမှ စတင်တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့ အသိပေးထားပါတယ်။

ဒါပေမယ့် ဒေသတွင်းမှာတော့ လျှပ်စစ်မီးပြတ်ချိန် အချိန်ပိုတိုးလာပြီး ဒေသအပေါ် မူတည်ကာ တစ်ရက်လျှင် အချိန် ၈ နာရီကနေ ၁၀ နာရီလောက်သာ လျှပ်စစ်မီးရရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုတိုးလာတာကြောင့် ချက်ပြုတ်စားသောက်ရေးကအစ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပြီး အသေးစား၊အလတ်စား SME လုပ်ငန်းတွေအပေါ်မှာလည်း ထိခိုက်မှုတွေ ကြီးမားလာတာ ဖြစ်ပါတယ်။

အာဏာသိမ်းအစိုးရအဖွဲ့ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးကတော့ လက်ရှိရရှိနေတဲ့ ဓာတ်အားပေးစက်ရုံတွေမှ လက်ရှိဓာတ်အား ထုတ်လုပ်နေမှုအပြင် ပိုမိုရရှိလာတဲ့ သဘာဝဓာတ်ငွေ့နဲ့ ထိရောက်မှုရှိအောင် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မယ့် အစီအမံတွေ ချမှတ်ထားတယ်လို့ လေလုံးထွားထားတာပါ။

လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိလာတာကြောင့် ရန်ကုန်တိုင်းမှာ ၁၆ နာရီမှ ၁၈ နာရီ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၈ နာရီမှ နာရီ ၂၀ အထိ ၊ မန္တလေးတိုင်းမှာတ ၁၄ နာရီမှ ၁၆ နာရီအစား ၁၆ နာရီမှ ၁၈ နာရီအထိ တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့ ကြေညာထားပါတယ်။

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...