လျှပ်စစ်မီးပြတ်တောက်နေ၍ မြစ်ကြီးနားပြည်သူတွေ အခက်အခဲဖြစ်နေ

လျှပ်စစ်မီးပြတ်တောက်နေ၍ မြစ်ကြီးနားပြည်သူတွေ အခက်အခဲဖြစ်နေ

ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ရက်ကြာလာတဲ့အချိန် ပြည်သူတွေရဲ့ လူနေမှုဘဝ စတင်ခက်ခဲလာပြီလို့ မြို့ခံတွေက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မြစ်ကြီးနားခရိုင်နဲ့ မိုးညှင်းခရိုင်ကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ ချီဖွေရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံကို ပြုပြင်ထိန်းသိမ်းမှာဖြစ်တဲ့အတွက် ဧပြီ ၁၈ ရက်ကနေ မေလ ၁ ရက် နေ့အထိ မီးဖြတ်မယ်လို့ ဘူဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက စာထုတ်ပြန်ထားတာပါ။

"မီးဖြတ်လိုက်တဲ့အချိန်ကစပြီး ရေတင်တာတွေ၊ ဖုန်းအားသွင်းတာတွေ၊ လိုင်းနဲ့ အလုပ်လုပ် နေကြတဲ့သူတွေအတွက်တော့ အရမ်းဒုက္ခရောက်တယ်။ အဓိက ဘက်ထရီဆိုင်ကယ် စီးသူတွေလည်း အရမ်းဒုက္ခရောက်တဲ့ အခြေအနေဖြစ်နေတယ်။ မနေ့ကအထိတော့ မသိသာသေးဘူး။ ဒီနေ့ကစပြီးတော့ တော်တော်လေးသိသာသွားတယ်။”လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဘူဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကတော့ မြစ်ကြီးနားမြိုနဲ့ ဝိုင်းမော်မြို့အတွင်း လျှပ်စစ် ဓာတ်အားကို နှစ်ပတ်ကြာ ဖြတ်တောက်ထားမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ဖုန်းနဲ့ ပါဝါဘန့်တွေကို မနက် ၁၀ နာရီကနေ ၁၂ နာရီအထိနဲ့ နေ့လယ် ၂ နာရီကနေ ၄ နာရီအထိ ယုဇနဘူးဂါး လျှပ်စစ်ရုံး၊ မြေမြင့်အရေးပေါ်ဌာန၊ ကဝါးခ အရေးပေါ်ဌာန၊ ရှဒေါင် အရေးပေါ်ဌာန၊ စီတာပူ ဘူးဂါး လျှပ်စစ်ရုံး၊ မန်ခိန်ခွဲရုံနဲ့ ဝိုင်းမော်ဘူးဂါး လျှပ်စစ်ရုံးတွေမှာ လျှပ်စစ်အားဖြည့်သွင်းနိုင်တယ်လို့ ထုတ်ပြန်ကြေညာ ထားပါတယ်။

ဒါပေမဲ့ ဘက်ထရီဆိုင်ကယ်တွေ အားသွင်းဖို့အတွက်တော့ မြစ်ကြီးနားမြို့ခံတွေအနေနဲ့ ပိုက်ဆံယူပြီး အားသွင်းပေးတဲ့နေရာတွေမှာ အားအပြည့်ကို ငွေကျပ် ငါးထောင်နဲ့သွင်းနေရတဲ့အပြင် အဲဒီနေရာတွေ ဟာလည်း ဆိုလာနဲ့ မီးစက်အသုံးပြုပြီး သွင်းပေးရတာကြောင့် တစ်ရက်မှာ အစီးရေအနည်းငယ်သာ အားသွင်းနိုင်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ လျှပ်စစ်မီးဖြတ်တောက်ခံထားရတဲ့အတွက်ကြောင့် ပြည်သူတွေဟာ မရှိမဖြစ်လိုတဲ့ လျှပ်စစ်မီးကို ဆိုလာနဲ့ မီးစက်တွေကို အသုံးပြုပြီး ဖြေရှင်းနေကြရတယ်လို့လည်း တခြား မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

"ကျွန်မတို့ အိမ်လည်း ဆိုလာတပ်ထားတယ်။ ရေတင်တာတွေကတော့ မီးစက်နှိုးရတာပေါ့။ ဆိုလာကတော့ ဘက်ထရီသွင်း၊ ဖုန်းသွင်းပေါ့။ လိုင်းသုံးတယ်။ ညဆိုရင် မီးထွန်းထားဖို့ပေါ့"လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

သောက်သုံးရေနဲ့ပတ်သက်ရင်တော့ စစ်အုပ်စုရဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့က စည်ပင်ရေပေးဝေရေး စနစ်အပြင် ရေကားတွေနဲ့ မနေ့က ဧပြီ ၁၉ ရက်နေ့ကစပြီး အရောက်ပို့ဖြန့်ဝေပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

May 11, 2026
ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်...
မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...
ပုံဟောင်းဖြစ်ပါသည်။
May 8, 2026
မြစ်ဆုံဆည်ဆောက်မယ့်အပေါ်  ကန့်ကွက်မှုတွေရှိနေပေမဲ့ စစ်အုပ်စုဟာ အကောင်အထည်ဖော်နိုင်ရေး အတွက်...
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဆဒုံးမြို့နယ်၊ ရှငေါ်နယ်မြေ တစ်နေရာတွင်ရှိသည့် ဘိန်းခင်းများအား KIA မှ ရှင်းလင်းနေစဉ်။
May 7, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) အနေနဲ့ တစ်နှစ်ကျော်အတွင်း ဘိန်းခင်းဧက ၈၃၀ ကျော်...