ကျောက်ဖြူတွင်AA နှင့် စစ်ကော်မရှင်တပ်တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကျောက်ဖြူတွင်AA နှင့် စစ်ကော်မရှင်တပ်တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ခိုင်လူလှ (ရိုးမမြေ) — တရုတ်စီမံကိန်းကြီးမှာတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ အကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာဖြစ်ပွားနေသည်ဟုသတင်းရရှိသည်။

ယခုလ မတ် ၂၄ ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲများတစ်ဖန်ပြန်၍ပိုမိုပြင်းထန်လာသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။

"အဓိက စကမ ထိုးစစ်ဆင်နေတာပါ။AA ဖက်ကလည်း သူတို့ထိုးစစ်ကို တန်ပြန်ခုခံစစ် ဆင်နွှဲနေတယ်။ လျှပ်တစ်ပြက် အနီးကပ် ချေမှုန်းတယ်။ မနေ့က တိုက်ပွဲတော်တော်ပြင်းထန်တယ်"ဟုပြောသည်။

စစ်ကော်မရှင်သည် ယခုထိုးစစ်တွင် ကြေး၊ရေ၊လေသုံးခုစလုံးကို အသုံးပြုနေပြီ အာရက္ခတပ်တော်ထိန်းချုပ် နေရာအချို့ကိုစစ်ကြောင်း ၃ ကြောင်းခွဲပြီး ပြင်းပြင်းထန်ထန်အင်အားသုံးကာတိုက်ခိုက်နေကြောင်း၎င်းက ဆက်ပြောသည်။

အခုလို အင်အားအလုံးရင်းဖြင့်သိုင်းချောင်းပတ်ဝန်းကျင်၊မင်းပြင်ပတ်ဝန်းကျင်တို့ကိုအဓိကထားထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

"စစ်တပ်စစ်ကြောင်းကို AA ဖက်ကလည်းနည်းလမ်းမျိုးစုံနဲ့ ပိတ်ဆို့တိုက်ခိုက်နေတယ်။မိုင်းကွင်းတွေကို  စစ်ကြောင်းတွေကို မျှားခေါ်ပြီးတိုက်ခိုက်တာတွေရှိတယ်။ အချို့စစ်တပ် စစ်ကြောင်းတွေဆိုအထိနာနေတာတွေရှိတယ်။သူတို့ အကျအဆုံးများပေမဲ့ လူအင်အားထပ်ဖြည့်ပြီး ထပ်စစ်ကြောင်းထိုးတယ်"ဟုပြောသည်။

စစ်ကော်မရှင်သည် စစ်ကြောင်းထိုးရာ၌ ဘေးပတ်ဝန်းကျင်တွင် တည်ရှိသည့် ကျေးရွာများနှင့်စစ်ဘေးရှောင်စခန်းများကို ဦးတည်ပြီးဒရုန်း၊လက်နက်ကြီး၊ဂျက်လေယာဉ်စသည်တို့ဖြင့်တိုက်ခိုက်နေမှုများကိုဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။

မတ် ၂၃  ရက်နှင့် ၂၄ နှစ်ရက်နေ့ကလည်းစနဲမြို့ကို အသေခံဒရုန်းများဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီးအပါ ၄ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်ဆိုင်ခန်း ၆ ဆောင်ပျက်စီးသွားခဲ့ရသည်။

Most read this week

ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...
August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...