Published
Saturday, March 21, 2026
အင်းတော်ကြီးဒေသက လုံးတုံတပ်စခန်းကြီးကို ထိုးစစ်ဆင်နိုင်ဖို့ ကာကင်းစခန်းတွေကို KIA က အရင်တိုက်ခိုက်
- ဝိုင်းမော်မြို့နယ် ၀ူယန်ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့က စစ်ရှောင်နေတဲ့ ၀ူယန်ရွာသားတွေကို မိမိနေအိမ်ကို အမြန်ပြန်လာကြဖို့ အတင်းခြိမ်းခြောက် ဖိအားပေးနေတာကြောင့် ရွာသားတချို့ အိမ်ပြန်ဖို့ ပြင်ဆင်နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
- မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ အရေးပါတဲ့ လုံးတုံတပ်စခန်းကြီးကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်ဖို့ ကာကင်းစခန်းတွေကို KIA က အရင်သိမ်းပိုက်ထားပြီး လက်ရှိ နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။
- ဟူးကောင်းဒေသ တနိုင်းမြို့နယ် လီဒိုလမ်းမကြီးရဲ့အနောက်ဘက် ပယင်းမှော်တွေပိတ်ထားတာ ၃ လခန့် ကြာနေပြီဖြစ်ပြီး ပယင်းစျေးကွက်ဟာလည်း ပျောက်လုနီးပါးဖြစ်နေပြီလို့ ပယင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။






