စစ်တပ်၏ ပုလဲလုပ်ငန်း၌ ပါဝင်ပတ်သက်နေသည့် ကနေဒါနိုင်ငံသား ၄ ဦးကို အရေးယူရန် JFM တိုင်ကြား

စစ်တပ်၏ ပုလဲလုပ်ငန်း၌ ပါဝင်ပတ်သက်နေသည့် ကနေဒါနိုင်ငံသား ၄ ဦးကို အရေးယူရန် JFM တိုင်ကြား

မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော ကနေဒါနိုင်ငံသား မိသားစု လေးဦးကို အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူပေးရန် Justice For Myanmar (JFM) က ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) ထံ တိုင်ချက်ဖွင့်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

ယမန်နေ့(မတ် ၁၀ ရက်) ညပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပြီး ထိုတိုင်ကြားခံရမှုထဲ အဓိက ပါဝင်နေသူများမှာ Belpearl ကုမ္ပဏီကွန်ရက်ကို ပိုင်ဆိုင်သည့် Pierre Hajjar ၊ Marie Rose Jarmakli Hajjar ၊ Sarkis Hajjar နဲ့ Michael Pierre Hajjar တို့ ဖြစ်သည်။ 

၎င်းတို့ဟာ ကနေဒါအစိုးရ၏ ပိတ်ဆို့အရေးယူမှုကို ဂရုမစိုက်ဘဲ မြန်မာစစ်တပ်နှင့် အကျိုးတူ စီးပွားရေး ဆက်လုပ်နေခြင်းဖြစ်ကြောင်း JFM ၏ ထုတ်ပြန်ချက်အရ သိရသည်။

Belpearl Myanmar ဟာ တနင်္သာရီတိုင်းက ရွှေကျွန်း (Russel Island) တွင် အာဏာသိမ်းစစ်တပ်ပိုင် မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) နှင့် စာချုပ်ချုပ်ပြီး လုပ်ကိုင်နေခြင်းဖြစ်သည်။ ထိုလုပ်ငန်းမှရသည့် အကျိုးအမြတ်များသည် စစ်တပ်၏ လက်ထဲသို့ တိုက်ရိုက်ရောက်ရှိကာ ပြည်သူများကိုသတ်ဖြတ်ရာတွင် အထောက်အပံ့ဖြစ်နေသည်ဟု Justice For Myanmar (JFM) က ထောက်ပြထားသည်။

"သူတို့ဟာ ကလေးငယ်တွေကို သတ်ဖြတ်နေတဲ့၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲနေတဲ့ တရားမဝင် စစ်အုပ်စုကို ဝင်ငွေရအောင်ကူညီပေးနေတာ လေးနှစ်ကျော်ပါပြီ"ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ကနေဒါအစိုးရက မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း (MPE)ကို ၂၀၂၁ က ပိတ်ဆို့ထားသော်လည်း Hajjar မိသားစုသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် ဆက်လက် ါဝင်နေခဲ့သည်ကို JFM ၏ အထောက်အထားများအရ သိရသည်။

ထို့အပြင် ဥရောပသမဂ္ဂ (EU) နှင့် ဩစတြေးလျတို့က MPE ကို ပိတ်ဆို့ရန် ပျက်ကွက်နေသည့်အချက်ကို အသုံးချကာ ရှယ်ယာများကို ပြင်သစ်နှင့် ဩစတြေးလျနိုင်ငံသားများထံ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်း လွှဲပြောင်းပေးပြီး ဥပဒေကိုလှည့်စားခဲ့ပုံရသည်ဟု JFM က ယူဆသည်။

JFM ၏ တိုင်ကြားချက်အရ Pierre Hajjar သည် ၂၀၂၄ ခုနှစ်အထိ ကုမ္ပဏီဥက္ကဋ္ဌအဖြစ် ဆက်ရှိနေခဲ့ခြင်း၊ ပုလဲမွေးမြူရေးအတွက် လိုအပ်သည့်ပစ္စည်းများကို ဂျပန်အခြေစိုက် ကုမ္ပဏီမှတဆင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းအထိ တင်ပို့ပေးခဲ့ခြင်း၊ ကနေဒါနိုင်ငံသားများအနေဖြင့် ပိတ်ဆို့ထားသည့် အဖွဲ့အစည်းနှင့် ငွေကြေးလွှဲပြောင်းမှု မလုပ်ရန် တားမြစ်ချက်ကို သိလျက်နှင့် ချိုးဖောက်ခြင်း စသည့်အချက်များကို ထောက်ပြထားသည်။

လက်ရှိတွင် အမေရိကန်နှင့် ယူကေတို့က ပိတ်ဆို့ထားသော်လည်း တခြားနိုင်ငံများ၏ ပိတ်ဆို့မှု ဟာကွက်များကြောင့် စီးပွါးရေးသမားများက လက်တလုံးခြား လုပ်ဆောင်နေကြသည်ဟု ဆိုသည်။ ထို့ကြောင့် ကနေဒါအစိုးရအနေဖြင့် ၎င်းမိသားစုကို ပြတ်ပြတ်သားသား အရေးယူရန်နှင့် နိုင်ငံတကာကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများကို ဟန်ချက်ညီညီ လုပ်ဆောင်ရန်လည်း JFM က တိုက်တွန်းထားသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...