ရှမ်းနယ်စပ်မှ အမျိုးသမီးငယ်တစ်ဦး ချင်းမိုင်မြို့တွင် အသတ်ခံရ

ရှမ်းနယ်စပ်မှ အမျိုးသမီးငယ်တစ်ဦး ချင်းမိုင်မြို့တွင် အသတ်ခံရ

ချင်းမိုင်မြို့၊ ဟန်းဒေါင်းမြို့နယ်တွင် အသက် ၂၂ နှစ်အရွယ် စားပွဲထိုးအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုတွင် တရားခံအား ဖမ်းဆီးရမိခဲ့ပြီဖြစ်သည်။

တရားခံမှာ သေဆုံးသူ၏ ဝမ်းကွဲညီမဖြစ်သူ၏ ရည်းစားဖြစ်နေသည်။

အခင်းဖြစ်ပွားသည့်နေရာ၌ ရဲတပ်ဖွဲ့က ဝါယာကြိုး အဖြူတစ်ချောင်း တွေ့ရှိခဲ့ပြီး တရားခံက အဆိုပါ လျှပ်စစ်ဝါယာကြိုးကို အသုံးပြု၍ လည်ပင်းညှစ်သတ်ခဲ့ခြင်းဖြစ်သည်။

တရားခံသည် လူသတ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးခြင်းမရှိဘဲ အိမ်ရှေ့သို့ ပါဆယ်လာပို့သူအား သေဆုံးသူ၏ ပိုက်ဆံဖြင့် ပေးချေခဲ့သလို၊ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးစဉ်တွင်လည်း အိမ်နီးချင်းတစ်ဦးကဲ့သို့ ဟန်ဆောင်စောင့်ကြည့်နေခဲ့သည်။

တရားခံ၏ ဝန်ခံချက်အရ ၎င်းသည် သေဆုံးသူအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သော်လည်း၊ သေဆုံးသူမှာ ရာသီသွေးပေါ်နေသဖြင့် မပြုလုပ်ခဲ့ကြောင်း ထွက်ဆိုထားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ ဇာတိမြေဖြစ်သော ဝိန်းဟင် (Wiang Haeng) မြို့နယ်မှ ဒေသခံလူအင်အား ၁၀၀ ကျော်မှာ တရားမျှတမှုရရှိရန်အတွက် ချင်းမိုင်မြို့အထိ လိုက်ပါလာခဲ့ကြပြီး မှုခင်းပြန်လည်သရုပ်ပြစဉ်တွင်လည်း တရားခံအား ဝိုင်းဝန်း ထိုးနှက်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြသည်။ 

April 11, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် QR စနစ်ဖြင့် စက်သုံးဆီရောင်းချမှု တစ်ပတ်နီးပါးကြာမြင့်လာပြီ...
April 10, 2026
အိန္ဒိယ - မြန်မာနယ်စပ် ခြံစည်းရိုးကာရံရေး လုံခြုံရေးယူနေသည့် အိန္ဒိယတပ်ဖွဲ့ဝင်များ...
April 9, 2026
အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများ အများအပြား ပါဝင်သည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး အမည်စာရင်းကို...
April 8, 2026
မြစ်ဆုံစီမံကိန်း ပြန်စရန် စစ်ကော်မရှင် ကြိုးပမ်းမှုမှာ လူတစ်စု၏ အကျိုးစီးပွားအတွက် ဒေသခံများကို...