အမျိုးသမီးများပါဝင်မှုကဏ္ဍကို မြှင့်တင်ပေးရန် KWO တိုက်တွန်း

အမျိုးသမီးများပါဝင်မှုကဏ္ဍကို မြှင့်တင်ပေးရန် KWO တိုက်တွန်း

ရပ်ရွာဒေသ လူမှုအသိုင်းအဝိုင်းအကျိုးအတွက် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍများကို မြှင့် တင်ပေးကြရန် မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၌ ကရင်အမျိုးသမီးအစည်းအရုံး (KWO)က တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် KWO နှင့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) တို့ ဦးဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား၌ ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

KWO တွဲဖက်အတွင်းရေးမှူး (၁) နော်ဒါးမူက “ဘယ်နေရာဖြစ်ဖြစ်၊ အမျိုးသမီးပါဝင်မှုရဖို့က အင်မတန်အရေးကြီးတယ်။ ဒီလိုပါဝင်ဖို့ကလည်း အမျိုးသမီးတွေအနေနဲ့ တတ်မြောက်မှုတွေ လိုအပ်တယ်။ အမျိုးသမီးတွေဟာ သူတို့တတ်ပြီးရင် သူတို့မိသားစု သူတို့ရပ်ရွာအတွက်က အားလုံး အကျိုးပြုတယ်။ ဒါကြောင့် အမျိုးသမီး ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ဖို့ ပြောလိုပါတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် KWOနှင့် KPSN တာဝန်ရှိ သူများအပြင် ကရင်လူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသော ဧည့် သည်များ တက်ရောက်ခဲ့ကြပြီး အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအစီအစဉ်တစ်ခုလည်း ထည့်သွင်းပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးမှုအစီအစဉ်၌ စစ်အာဏာမသိမ်းခင်ကာလက ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်ခဲ့သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည့် အခြေအနေများ၊ စစ်အာဏာ သိမ်းပြီးနောက် အမျိုးသမီးများ ကြုံတွေ့နေရသည့် အခြေအနေနှင့် နယ်စပ်ဒေသရှိ အွန်လိုင်း ငွေလိမ်လုပ်ငန်းကြောင့် အမျိုးသမီးများအပေါ် ရိုက်ခတ်လာမှု အခြေအနေများလည်း ဆွေးနွေးခဲ့ကြသည်။

“အမျိုးသမီးတွေဆိုရင် အခွင့်အရေးအရ၊ ဘာသာရေးအရ၊ နိုင်ငံရေးအရ အစစအရာရာ ဖိနှိပ်ခံရတယ်။ စစ်အာဏာသိမ်းပြီးနောက်တင်မကဘဲ တော်လှန်ရေး နှစ် ၇၀ ကျော်မှာ အမျိုးသမီးတွေက ပိုပြီးခံရ တယ်။ အဲဒီအထဲမှာ သူတို့သားသမီးဆုံးရှုံးရ၊ သူတို့အမျိုးသားဆုံးရှုံးရတာ အများကြီးရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေကို ကျနော်တို့က အသိအမှတ်ပြုရမယ်” ဟု ယနေ့ အစီအစဉ်သို့ တက်ရောက်လာသူ ကရင်လူငယ်အစည်းအရုံး ဥက္ကဋ္ဌ စောလယ်နယ်က ပြောသည်။

ထို့အပြင် အမျိုးသမီးများ၏ အခွင့်အရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်မှုများကို လူမှုအသိုင်းအဝန်းမှ အသိအမှတ်ပြုရန်အတွက် မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ဒေသအသီးသီးမှ အခမ်းအနားလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အခွင့်အရေး အမှန်တကယ် ရရှိစေရန်အတွက် ၂၀၂၆ ခုနှစ်၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်အဖြစ် အမျိုးသမီးများနှင့် မိန်းက လေးငယ်တို့ တရားမျှတမှုနှင့် အခွင့်အရေး ရရှိစေရန်အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးစို့ “Rights. Justice. Action. For All Women and Girls” ဖြစ်သည်။

ထို့အတူ ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၏ ဆောင်ပုဒ်မှာ အမျိုးသမီးများအား မြှင့်တင်ပေးလျှင် လူမှုအသိုင်းအဝိုင်းတစ်ခုလုံး အကျိုးခံစားရမည် “When you Empower Women, the whole community benefits” ဟူ၍ ဖြစ်သည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...