မိုးညှင်းမြို့မှာ မူးယစ်ဆေးဝါးတွေကို ပေါ်တင်ရောင်းချမှုရှိနေ

မိုးညှင်းမြို့မှာ မူးယစ်ဆေးဝါးတွေကို ပေါ်တင်ရောင်းချမှုရှိနေ

ကချင်ပြည်နယ်၊မိုးညှင်းမြို့ပေါ် နေရာအနှံ့မှာ မူးယစ်ဆေးဝါးတွေကို လွတ်လွတ်လပ်လပ် ရောင်းချမှုတွေရှိနေပြီး သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တွေအပေါ် ဒေသခံတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

“ ဂိတ်တွေပေါပြီး မတားဆီးနိုင်ကြဘူးပေါ့လေ။ အကုန်ပေးထားကြမှာပဲ။ ခုကကွမ်းယာဆိုင်ပါမကျန် ပေးနေရတာဆိုတော့ ချမ်းသာတဲ့လူတွေက အပြင်မှာလည်း ဝယ်ခဲ့နိုင်တာပဲလေ။ သူတို့အချိတ်အဆက်နဲ့သူတို့ KTV လိုနေရာတွေ Private အခန်းတွေမှာသုံးကြတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်နေသူများနဲ့ သုံးစွဲသူတွေဟာ ယခင်ထက် သုံးဆလောက်များလာနေပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မက်သဒုံးတိုက်ကျွေးရေးဌာနအနီးတဝိုက်မှာလည်း မူးယစ်ဆေးဝါးရောင်းချမှုတွေရှိကြောင်း မျက်မြင်ဒေသခံတစ်ဦးက ဆိုပါတယ်။

မြို့ပေါ်တစ်ဝိုက် ဘိန်းဖြူ(ဖိုး)နဲ့ ဘိန်း သုံးစွဲသူများလည်းပိုများလာပြီး နေအိမ်ဖောက်ထွင်း ခိုးဆိုးလုယက်မှုများအပြင် ဓားမြတိုက်မှုတွေပါ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။

“ အရင်တုန်းက ရပ်ကွက်ထဲမှာ ထမင်းထုပ်၊ ဟင်းထုပ်နဲ့ ဖိုးသမားတွေက ခုဆိုသစ်ကိုင်းခြောက်တွေပါ ခုတ်ရောင်းနေကြပြီ။ ရေဆေးဆီလိုက်ကခုံတွေ သံနဲ့လုပ်ထားတာပါ မ သွားတာ” လို့သူက ဆက်ပြောပါတယ်။

မြို့ပေါ်က စျေးဆိုင်ခန်းများအနေဖြင့်လည်း ညခင်းဆိုင်ခန်းပိတ်သိမ်းထားချိန်တွင် ဆိုင်ရှေ့စားပွဲစသည့် ပစ္စည်းအသုံးအဆောင်များ မကြာခနခိုးယူခံရခြင်းတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

မိုးညှင်းမြို့ဟာ ကချင်ပြည်နယ် ဝင်ပေါက်မြို့တစ်ခုဖြစ်ပြီး နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါး တွေ မကြာခဏဖမ်းဆီးရမိမှုတွေရှိနေပေမယ့် ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတွေဟာ အလွယ်တကူဝယ်ယူရရှိနေဆဲလည်းဖြစ်ပါတယ်။

June 20, 2026
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို...
June 19, 2026
စိုင်းဆိုင်အိုက် — စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့်...
June 18, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ်တွင် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး...
June 17, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့်...