NUG က လူ့အခွင့်အရေးကော်မရှင်ဥပဒေအတွက် လူထုဆီက အကြံဉာဏ်တောင်းခံ

NUG က လူ့အခွင့်အရေးကော်မရှင်ဥပဒေအတွက် လူထုဆီက အကြံဉာဏ်တောင်းခံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းအတွက် လူထုဆီက အကြံပြုချက်တွေ တောင်းခံတယ်လို့ ကြေညာလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းကို မနေ့ကညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အကြံပြုချက်တွေ ကို [email protected] ဆီ ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နောက်ဆုံးထား ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနနဲ့ သက်ဆိုင်တဲ့ အခြေခံမူတွေနဲ့ ကိုက်ညီတဲ့ လူ့အခွင့်အရေးကော်မရှင် တရပ်ပေါ်ထွန်းရေးအတွက် “ပြည်ထောင်စုလူ့အခွင့်အရေး ကော်မရှင်ဥပဒေ” တရပ်လိုအပ်တာကြောင့် အဲဒီဥပဒေကို ရေးဆွဲနေတာလို့ အသိပေးထားပါတယ်။

ဒါကြောင့် ဝန်ကြီးဌာနအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းမိတ်ဖက်တွေနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး ဥပဒေကြမ်းတရပ်ကို ပြုစုနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ထားတဲ့ ဥပဒေမူကြမ်းထဲမှာတော့ အခန်း(၉) ခန်းပါပြီး ကော်မရှင်ကို ဖွဲ့စည်းတဲ့အခါ အနည်းဆုံး အဖွဲ့ဝင် ၅ ယောက်ကနေ အများဆုံး ၉ ယောက်နဲ့ ဖွဲ့စည်းရမယ်လို့ ရေးဆွဲထားပါတယ်။

အဲဒီအဖွဲ့ဝင်လောင်းတွေကို ရွေးချယ်ဖို့အတွက်အဖွဲ့ကိုတော့ မတူညီတဲ့ နယ်ပယ်က လူ ၉ ယောက်နဲ့ ဖွဲ့စည်းရမယ်လို့လည်း ဆိုပါတယ်။

အဲဒီရွေးချယ်ရွေးအဖွဲ့ထဲ ပါရမယ့်သူတွေကတော့ NUG ရဲ့ ကိုယ်စားလှယ် ၂ ယောက်၊ ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ် ၂ ယောက်၊ လူ့အခွင့်အရေးကျွမ်းကျင်ပညာရှင် ၂ ယောက်နဲ့ အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ် ၃ ယောက်တို့ ဖြစ်တယ်လို့ မူကြမ်းမှာ ရေးဆွဲထားပါတယ်။

အဲဒီမူကြမ်းထဲမှာတော့ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကို အခုပြဌာန်းမယ့် ဥပဒေနဲ့ ရုတ်သိမ်းတယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးကော်မရှင်ဟာ ၂၀၁၄ က ပြဌာန်းခဲ့တဲ့ ဥပဒေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဘာမှထုတ်ပြန်ပြောဆိုလေ့မရှိတဲ့ ကော်မရှင်ဖြစ်ပါတယ်။

ပုံစာ - ဇန်နဝါလ ၂၂ ရက်နေ့ညနေက တိုက်ပွဲမဖြစ်ဘဲ ဗန်မော်မြို့နယ်၊ ကောင်ဂျာရွာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ပြည်သူ ၂၀ ကျော်သေဆုံးခဲ့စဉ်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းက စက်သုံးဆီဝယ်ယူလို့မရဘဲ ပြတ်လပ်ခဲ့ချိန် အချိန်မှီထွန်ယက်ပြီးစီးရန် လူအင်အားသုံးထွန်ယက်ခဲ့ရစဉ်။
March 31, 2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် တောင်ယာ၊...
March 25, 2026
ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို မတ်လ ၂၅ ရက်နေ့ကစပြီး လေကြောင်းလိုင်းတချို့က...
March 24, 2026
ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်က သက်ကြီးဘိုးဘွားတွေပဲရှိတဲ့ ခူထီကျေးရွာမှာ ဆန်နဲ့ ဆေးဝါး...
March 20, 2026
လေယာဉ်ဆီအကန့်အသတ်ကြောင့် ခရီးသည်တွေအတွက် အပိုဝန်စည် သယ်ဆောင်ခွင့်ကို တစ်ယောက် ၁၀ ကီလိုဂရမ်အထိပဲ...