Published
Saturday, January 24, 2026
KIA က သဘာ၀ပတ်ဝန်းကျင်ကာကွယ်တဲ့နည်းလမ်းနဲ့ မြေရှားတူးဖော်သွားဖို့ တရုတ်ကုမ္ပဏီတွေနဲ့ သဘောတူညီမှုရယူထား
- တနိုင်းမြို့နယ်က ရွှေမှော်တွေပိတ်သွားတာကြောင့် မှော်တွေဆီ ကုန်စိမ်းတွေ တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ပုပ်သိုးကုန်တာကြောင့် စျေးသည်တွေအရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။
- မြေရှားသတ္တုတူးဖော်ရာ ချီဖွေ၊ ပန်ဝါဒေသမှာ သဘာ၀ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျှော့ချနိုင်အောင် ထိန်းသိမ်းကာကွယ်တဲ့နည်းလမ်းနဲ့ မြေရှားသတ္တုတူးဖော်သွားဖို့ တရုတ်ကုမ္ပဏီတွေနဲ့ သဘောတူညီမှု ရယူထားတယ်လို့ KIO ဘက်က ပြောပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်ဒေသထဲကနေ လက်ရှိအချိန်ထိ TNLA မထွက်သွားနိုင်ဘဲ မဘိမ်းသွားလမ်း မြစ်ဆုံရွာအထက် ရွှေလီမြစ်တံတားအထိ စစ်ကော်မရှင်တပ်ကို နေရာပေးနိုင်ဖို့ ပြင်ဆင်နေတာကြောင့် KIA နဲ့ တင်းမာမှုတွေရှိနေတယ်လို့ KIA ဘက်က ပြောပါတယ်။






