ပူတာအိုမြို့က ခါကာဘို ဘိုးဘွားရိပ်သာမှာ ဘိုးဘွားတွေကို လက်ခံနေသေး

ပူတာအိုမြို့က ခါကာဘို ဘိုးဘွားရိပ်သာမှာ ဘိုးဘွားတွေကို လက်ခံနေသေး

ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး အကူညီလိုအပ်နေတဲ့ ဘိုးဘွားတွေကို လက်ခံနေသေးတယ်လို့ သိရပါတယ်။

ဘိုးဘွားတွေကိုလက်ခံဖို့ နေရာထိုင်ခင်းဆောက်လုပ်ပြီးစီးတာ လပိုင်းလောက်ရှိပြီဖြစ်တဲ့အတွက် လာရောက်နေထိုင်လိုတဲ့ ဘိုးဘွားတွေရှိရင် ကြိုဆိုနေတယ်လို့ ခါကာဘို ဘိုးဘွားရိပ်သာ တာဝန်ခံဆရာ ဦးဖလားဆင်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ဘယ်သူဖြစ်ဖြစ် ဘာသာမခွဲခြား လူမျိုးမခွဲခြားပဲ ခက်ခဲတဲ့သူတွေနေလို့ရတယ်။ ၅ ယောက် လောက်တော့လက်ခံလို့ရသေးတယ်။ ခက်တာကတော့ အဆင်ပြေသလို ကျော်ဖြတ်နေရတာပါပဲ။ အဓိကတော့ ခက်ခဲတဲ့သူတွေ စားဖို့သောက်ဖို့ခက်ပြီး ကူညီပေးမဲ့သူမရှိတဲ့သူတွေကို ဦးစားပေးတာ ဖြစ်ပါတယ်။"လို့ ဆိုပါတယ်။

နေရာထိုင်ခင်းအရ ဂေဟာမှာ ဘိုးဘွား ၅ ဦးလက်ခံလို့ရသေးသလို နေရာဒေသ၊လူမျိုး၊ဘာသာမရွေး ဘယ်သူမဆို ခက်ခဲပြီးတော့ ခိုကိုးရာမဲ့နေတဲ့ ဘိုးဘွားတွေဆိုရင် ဂေဟာကို ဆက်သွယ်လာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဂေဟာအတွင်း အဘွား ၁၇ ဦး ရှိတယ်လို့သိရပါတယ်။ ပူတာအိုနဲ့ မြစ်ကြီးနား ဒေသတွေက သာမက မော်လမြိုင်ဘက်က အဘွားလည်းရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ပြတ်တောက်သွားတဲ့နောက်ပိုင်းမှာ အဆက်သွယ်တွေပြတ်ပြီးတော့ ဂေဟာအတွင်း အလှူရှင်တွေလည်း မရှိသလောက် လျော့နည်း သွားတယ်လို့ သိရပါတယ်။

ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ ဂေဟာတဖြစ်လဲ ဂေဟာအတွင်း စားဝတ်နေရေး အခက်ခဲတွေရှိပေမဲ့ တတ်နိုင်တဲ့နည်းနဲ့ ဖြေရှင်းနေတယ်လို့လည်း တာဝန်ခံဆရာက ပြောပါတယ်။

၂၀၂၄ ခုနှစ် မြစ်ကြီးနား-ပူတာအိုလမ်း လပိုင်းလောက်ပိတ်သွားချိန်က ရပ်နားခဲ့ရတဲ့ ခေါက်ဆွဲဆိုင်ကို လည်း လာမယ့်လပိုင်းအတွင်း ပြန်ဖွင့်ဖို့ရှိတယ်လို့ဆိုပါတယ်။ အဲဒီဆိုင်ကို ရိပ်သာအတွက် တဖက် တလမ်းကနေ ဝင်ငွေရရှိစေဖို့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ခါကာဘို ဘိုးဘွားရိပ်သာကို ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒေသတွင်းကခက်ခဲပြီး ခိုကိုးရာမဲ့တဲ့ ဘိုးဘွားတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ရည်ရွယ်ချက်နဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အကူညီလိုအပ်နေတဲ့ ဘိုးဘွားတွေနေထိုင်ဖို့ ဆက်သွယ်လိုတာဖြစ်ဖြစ် ရိပ်သာကို ကူညီလိုတာဖြစ်ဖြစ် Facebook လူမှုကွန်ရက်စာမျက်နှာမှာ ခါကာဘို ဘိုးဘွားရိပ်သာ(https://www.facebook.com/profile.php?id=100081035678319) ကို ရှာဖွေတွေ့ရှိ နိုင်ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...