- တနိုင်းမြို့နယ် ရွှေမှော်ဒေသတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက မှော်တွေထဲက ပြည်သူပိုင် တန်ဖိုးရှိပစ္စည်းအားလုံးကို လိုက်လံသိမ်းယူနေတဲ့အပြင် မှော်လုပ်သားတွေကို ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ဆောင်နေတယ်လို့ မှော်လုပ်သားတွေက ပြောပါတယ်။
- ဗန်းမော်မြို့မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ရဲ့ ရှေ့တန်းစခန်းတချို့ကို KIA ဘက်က သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တဲ့အပြင် စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
- ကချင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ကလေးသူငယ် စုစုပေါင်း ၃၀ ကျော် ထိခိုက်၊ သေဆုံးခဲ့ရတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။






