Published
Wednesday, January 14, 2026
မြစ်ဆုံမှာ ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မှုကို လုံးဝ ရပ်တန့်ဖို့ တောင်းဆို
- မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ မြစ်ဆုံမှာ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်တာကို လုံးဝ ရပ်တန့်ဖို့ တောင်းဆိုမှုတွေရှိလာပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးဒေသက ရွှေတူးဖော်မှုကိုတားဆီးရင်း ကိုးကန့်တပ် MNDAA က ပစ်ခတ်တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြေလည်မှု မရရှိသေးပါဘူး။
- လက်ရှိအချိန်ဟာ ပူတာအိုဒေသရဲ့ထွက်ကုန်တစ်ခုဖြစ်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှောက်ကောရောင်းဝယ်ချိန်ဖြစ်ပါတယ်။ ဒီနှစ်မှာ ရှောက်ကောရောင်းဝယ် သယ်ယူပို့ဆောင်မှုအခြေအနေ ဘယ်လိုရှိသလဲဆိုတာကိုလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။






