တီးတိန်မြို့နယ် ကနေဒီတောင်တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်သိမ်းပိုက်

တီးတိန်မြို့နယ် ကနေဒီတောင်တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်သိမ်းပိုက်

- ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်းလီ(Khuangli)ရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

- ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲက ဟားလ်တာ(Halta)နဲ့ ဟိုင်ဖိုင်(Haiphai)ကျေးရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဟားလ်တာရွာက ကလေးငယ်အပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။ 

- ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် ကနေဒီတောင်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၀ ဦးလောက် ဖမ်းဆီးရမိထားတယ်လို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောပါတယ်။

Most read this week

September 19, 2026
- မွန်မှာ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်လာမှုနဲ့အတူ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ပြည်သူတွေ...
September 19, 2026
- ကချင်ပြည်နယ် ရွှေကူ-ဗန်းမော်ရေကြောင်းလမ်းမှာ စုန်ဆင်း၊ ဆန်တက်နေတဲ့ စစ်တပ်ရဲ့စစ်သင်္ဘောအပါအဝင်...
September 18, 2026
- ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့...
September 17, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းလခတိုးမြင့်ကောက်ခံလာမှုကြောင့်...