Published
Friday, December 26, 2025
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)က တော်လှန်အင်အားစုတွေကိုစုစည်းပြီး ဗျူဟာမြောက်အောင် ဆောင်ရွက်မည်
- ရေရှားပါးမှုပြဿနာကို အရင်နှစ်ထက် စောစီးစွာ ကြုံတွေ့နေကြရတဲ့ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်လူထုတွေ လမ်းခရီးအခြေအနေကြောင့် သောက်သုံးရေသယ်ယူဖို့ ခက်ခဲနေကြပါတယ်။
- ပြန့်ကျဲနေတဲ့ တော်လှန်အင်အားစုတွေကို စုစည်းပြီး ဗျူဟာမြောက်အောင် ဆောင်ရွက်မယ်လို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)က ပြောပါတယ်။
- ဘာသာစကားဖွံ့ဖြိုးမှု နောက်ကျနေသလို ရိုးရာဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းဖို့ ခက်ခဲနေတဲ့အပြင် လူဦးရေလျော့နည်းလာတဲ့ ယင်းတလဲလူမျိုးစုအကြောင်းကိုလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။






