တနိုင်မြို့နယ်အတွင်းက ပယင်းမှော်ဒေသဘက် တိုက်ပွဲဖြစ်ပွားနေ

တနိုင်မြို့နယ်အတွင်းက ပယင်းမှော်ဒေသဘက် တိုက်ပွဲဖြစ်ပွားနေ

တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး KIA တပ်ရင်း ၁၄ ဒေသဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းကတည်းကနေ ပယင်းမှော်မှာ လက်နက်ကြီးသံတွေ ဆက်တိုက် ထွက်ပေါ် နေတာဖြစ်ပြီး နေ့ခင်းမွန်းလွဲပိုင်းမှာတော့ ရေကန်တောင်ပယင်းမှော်ဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာလို့ မှော်ဒေသက ထွက်လာတဲ့ တနိုင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ပယင်းမှော် ရေကန်တောင်မှာ။ ဒရုန်းတွေနဲ့ ကြိုက်တဲ့နေရာချနေတာ။ ၂ နာရီ ၃ နာရီ လောက်မှာ တအားဆိုးလာတယ်။သေနတ်အသေးတွေရော စက်သေနတ်တွေရော တအားမြည်တယ်။ ခုနက တွေ့တာက ရင်း ၁၄ ဘက်ဟုတ်မှာ။ လုပ်ကွက် ၂ ရဲ့အထက်ဘက် မီးခိုး တလူလူနဲ့ ဗုံးကျနေတာ။" လို့ဆိုပါတယ်။

ပယင်းမှော်အဝင်မှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ် KIA ရဲ့ ဂိတ်မှာလည်း ဘယ်သူမှ မရှိတော့ ဘူးလို့ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေဟာ ပယင်းမှော်ဒေသထဲ ဝင်ရောက် နေရာယူထားပြီး တနိုင်းကနေလည်း စစ်ကူသွားတာတွေရှိတယ်လို့ သိရပြီး တပ်ရင်း ၁၄ ဘက်ကိုလည်း လက်နက်ကြီးပစ်ခတ်တာမျိုးရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာကြောင့် မှော်ဒေသက လူတချို့လည်း ဘေးလွတ်ရာကို ရှောင်တိမ်းသွားကြပြီး မှော်လုပ်ကွက်တွေလည်း ရပ်နားထားရတယ်လို့ သိရပါတယ်။ ဆက်သွယ်ရေးလိုင်း အခက်ခဲတွေကြောင့် မှော်ဒေသက အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။

ပယင်းမှော်ဘက် တိုက်ပွဲဖြစ်ပွားနေတာကြောင့် လမ်းပိတ်နေတယ်လို့ ကြားသိရကြောင်း တနိုင်း ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“ဒီမနက် ၁၀ နာရီကနေမှ သိရတာ။ ပယင်းမှော်ဘက် တိုက်ပွဲဖြစ်တယ် လမ်းပိတ်တယ်ဆိုပြီး လမ်းဖြတ်လို့မရဘူးတဲ့။” လို့ ဆိုပါတယ်။

ပယင်းမှော်အဝင်မှာရှိတဲ့ KIA ဂိတ်ရဲ့ ညာဘက်ကို ဝင်သွားရင် ရေကန်တောင်မှော်ရှိတာဖြစ်ပြီး ဂိတ်တည့်တည့် ဆက်သွားရင်တော့ မုန်ညှင်းကုန်း၊ ဖားအိုင်၊ တရုတ်ဆိုဒ်၊ လုပ်ကွက် ၇ စတဲ့ ပယင်းမှော်တွေ ရှိတယ်လို့ သိရပါတယ်။

တနိုင်းမြို့၊ မိုင်းခွန်ကျေးရွာကနေ ထွက်လာရင် ရေကြည်ချောင်းရွှေမှော်ရဲ့ ဘယ်ဘက်လမ်းဟာ လပူခ၊ စံလွန်မှော်တို့လို ရွှေမှော်တွေနဲ့ နမ်ဗျူကျေးရွာကို သွားတာဖြစ်ပြီး ရေကြည်ချောင်းမှော် ရဲ့ ညာဘက်လမ်းကနေ သွားရင်တော့ ပယင်းမှော်လုပ်ကွက်တွေရှိပါတယ်။ မိုင်းခွန် ကျေးရွာမှာတော့ စစ်ကော်မရှင်ရဲ့ ဂိတ်ရှိတာဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...