ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ နိုဝင်ဘာလအတွင်း ပြည်သူ (၁၆) ဦး သေဆုံးကြောင်း KnHRG ထုတ်ပြန်

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ နိုဝင်ဘာလအတွင်း ပြည်သူ (၁၆) ဦး သေဆုံးကြောင်း KnHRG ထုတ်ပြန်

ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ သေဆုံးသူ ၁၆ ဦးထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၈ ဦးနဲ့ အမျိုသမီး ၁ ဦး၊ လက်နက်ကြီးကြောင့် အမျိုးသား ၁ဦး၊ ဒရုန်းဗုံးကြဲမှုကြောင့် အမျိုးသား၁ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေး၁ဦး၊ စစ်ကော်မရှင်နဲ့ PNO တို့ သေနတ်ပစ်ခတ်မှုကြောင့် အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ မိမိကိုယ်ကို အဆုံးစီရင်တဲ့ အမျိုးသားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဖယ်ခုံမှာက ၃ ယောက်လေနော်။ ကလေးမတစ်ယောက်နဲ့ အမျိုးသမီးကြီး ၂ ယောက် ဒါက လက်နက်ကြီးပေါ့နော်။ ပြီးတော့မှ မော်ချီး မှာရှိမယ်။ ပြီး ဖရူဆိုမှာ အမျိုးသားတစ်ယောက် ဒရုန်းဗုံးထိတာပေါ့။ ဒါကတော့ အဓိကပါပဲ။” လို့ အဆိုပါ သေဆုံးမှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး KnHRG တည်ထောင်သူ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ လက်လှမ်းမီစာရင်းအရ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ဖယ်ခုံ တောင်ယာခင်းတစ်နေရာမှာ ရိတ်သိမ်းနေသူတွေကို စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၆၀)အရွယ် ၊ အသက် (၁၇)နှစ်ဝန်းကျင်အရွယ် နဲ့ အသက် (၄၆)အရွယ် အမျိုးသမီး ထိမှန်သေဆုံးခဲ့ပါတယ်။

အလားတူ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ မော်ချီးဒေသကို ဗုံးကြဲမှုကြောင့် အမျိုးသား ၅ ဦး သေဆုံးခဲ့ပါတယ်။

လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေအပြင် မြေမြှုပ်မိုင်း နင်းမိတာနဲ့ တခြားအကြောင်းအရင်းတွေကြောင့် နိုဝင်ဘာလအတွင်း ထိခိုက်ဒဏ်ရာရသူ ( ၅၄ ) ဦးရှိတယ်လို့ KnHRG က ဆိုပါတယ်။

လက်ရှိ ကရင်နီပြည်မှာ ဆိုးရွားလှတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေနဲ့ စစ်ရေး အကြမ်းဖက်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်လွယ်တဲ့ စစ်ဘေးရှောင် ၂ သိန်းကျော်ကို အကူအညီပေးဖို့၊ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေ အပါအဝင် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက်ကိုလည်း KnHRG က နိုင်ငံတကာကို တစ်ပါတည်း တောင်းဆိုထားပါတယ်။

June 11, 2026
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဖွင့်ချိန်ရောက်လာပြီဖြစ်ပေမယ့် ကရင်နီပြည်က...
June 10, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတနေရာမှာ မသန်စွမ်းသူတွေကို ဘဝမြင့်တင်ရေးနှင့်...
June 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် သော်ခူ စစ်ရှောင်စခန်းမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်...
June 9, 2026
“မိုးကာကတော့ မလုံမလောက်ဘူးပေါ့။ တခါတလေ သူများ(အလှူရှင်) ပေးတယ်။ ကိုယ်က မိုးထားပြီးဆိုတော့ ကြွက်က...