လောင်းလုံးမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ၂၀၀၀ ကျော် ထပ်မံစစ်ရှောင်းနေရ

လောင်းလုံးမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ၂၀၀၀ ကျော် ထပ်မံစစ်ရှောင်းနေရ
photo credit - CJ
photo credit - CJ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၂၀၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၃ နာရီလောက်ကစလို့ လောင်းလုံးမြို့ပေါ်ကနေ စပ်ပြဲကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

စစ်ကြောင်းဝင်လာတာကြောင့် ဒေသခံတွေဟာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရှဲဒိုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် စပ်ပြဲ၊ ညှင်းမော်နဲ့ရင်းဘုန်ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

လောင်းလုံးဒေသခံတွေဟာ စစ်ကော်မရှင်တပ် မကြာခဏဆိုသလို စစ်ကြောင်းထိုးနေတာကြောင့် အမြဲလို တိမ်းရှောင်နေရပြီး စပါးရိတ်သိမ်းတာ၊ ရော်ဘာအစေးခြစ်တာတွေအပါအဝင် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းတွေကို ကောင်းစွာမလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က စပ်ပြဲ၊ ညှင်းမော်ကျေးရွာတဝိုက်ကို နှစ်ပတ်နီးပါးကြာ စစ်ကြောင်းထိုးသွားလာခဲ့တာကြောင့် ဒေသခံတွေ စစ်ရှောင်ခဲ့ကြရပြီး နေအိမ်တွေ ပြန်ရောက်တာ တပတ်တောင်မပြည့်သေးဘူးလို့ သိရပါတယ်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi အဖွဲ့ရဲ့ အစီရင်ခံစာအရ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၉၃၀၀၀ ကျော်အထိ တိုးလာခဲ့ပါတယ်။

Most read this week

February 27, 2026
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး အမိန့်နဲ့...
February 26, 2026
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က...
February 25, 2026
ပိုင်ကျုံ — ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ ၇ နယ်မြေထဲ စစ်ကော်မရှင်တပ်...
February 24, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့အသစ် အပြောင်းအလဲ မတိုင်မီ ပြည်နယ်စစ်ကော်မရှင်က ရပ်ကွက်ကျေးရွာ...