မွန်ပြည်နယ်မှာ မြဝတီက ပြန်လာသူ ရာနဲ့ချီ ဖမ်းဆီးစစ်ဆေးခံနေရ

မွန်ပြည်နယ်မှာ မြဝတီက ပြန်လာသူ ရာနဲ့ချီ ဖမ်းဆီးစစ်ဆေးခံနေရ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ကနေ မွန်ပြည်နယ်အတွင်း ဝင်ရောက်လာသူတွေကို စစ်ကော်မရှင်တပ် ပိတ်ဆို့ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့နယ်က ပြန်လာသူတွေကို သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ပိတ်ဆို့ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်တဲ့ ရှမ်းပြည်နယ် ဒေသခံတွေကို ဦးစားပေး ဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးထားတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသားတချို့ ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။

သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုအရ နိုဝင်ဘာ ၂၃ ရက်နေ့အထိ ဖမ်းဆီးထားတဲ့ လူပေါင်း ၄၀၀ ကျော်ကို သထုံခရိုင်ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ ရဲဇာနည်ခန်းမမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့သူတွေထဲမှာ ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြစ်မှုထင်းရှာတဲ့သူတွေကို အမှုဖွင့်အရေးယူသွားဖို့ စီစဉ်ထားတယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နိုင်ငံတကာ ဖိအားပေးတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်ကတော့ ကျားဖြန့်လုပ်ငန်းတွေကို အပြီးသတ် နှိမ်နင်းသွားမယ်လို့ ကြွေးကြော်ထားပါတယ်။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ KK Park နဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်စီးနင်းနေတာကြောင့် နိုင်ငံတကာက ကျားဖြန့်လုပ်သား အများအပြား အစုံလိုက် အပြုံလိုက် ထွက်ပြေးနေကြတာပါ။

နိုဝင်ဘာ ၂၃ ရက်နေ့ စစ်ကော်မရှင် ထုတ်ပြန်ချက်အရ ရွှေကုက္ကိုမြို့သစ်ထဲ ဝင်ရောက်စီးနင်းစဉ် အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လောင်းကစားလုပ်ငန်းလုပ်ကိုင်နေသူတွေ မရှိတော့သလို ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိထားတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...