AA နှင့် ဆက်စပ်သည်ဟုဆိုကာ ထောင်ချခံခဲ့ရသည့် နိုင်/ကျဉ်းတစ်ဦး လွတ်ရက်စေ့၍ စစ်တွေထောင်မှ ပြန်လွတ်လာသော်လည်း ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးခံလိုက်ရ

AA နှင့် ဆက်စပ်သည်ဟုဆိုကာ ထောင်ချခံခဲ့ရသည့် နိုင်/ကျဉ်းတစ်ဦး လွတ်ရက်စေ့၍ စစ်တွေထောင်မှ ပြန်လွတ်လာသော်လည်း ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးခံလိုက်ရ

အာရက္ခတပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်အတွင်း ထောင်ချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားအမျိုးသားတစ်ဦးသည် လွတ်ရက်စေ့၍ ပြန်လွတ်လာသော်လည်း ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

လွတ်ရက်စေ့၍ပြန်လွတ်လာပြီးနောက် ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးခံလိုက်ရသူမှာ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်မှ အသက် ၄ဝ အရွယ် ဦးပြည့်ဖြိုးအောင် ဖြစ်သည်။

သူ့ကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၂၅ ရက်နေ့တွင် လွတ်ရက်စေ့၍ စစ်တွေထောင်မှ ပြန်လွှတ်ပေးခဲ့သော်လည်း ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးလိုက်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"လွတ်ရက်စေ့လို့ လွတ်တယ်လို့ကြားတာပဲ။ အပြင်တောင်မရောက်ဘူး။ ချက်ချင်း ပြန်ဖမ်းပြီး နောက်အမှုတစ်ခု ဖွင့်ပြီး ပြန်ဖမ်းတယ်လို့ ပြောတယ်။ ဒါ တဆင့်စကားကြားတာပါ။ သူတို့နဲ့ နီးစပ်တဲ့သူဆီကနေ"ဟု ပြောသည်။

ဦးပြည့်ဖြိုးအောင်အား နောက်ထပ်အမှုတစ်ခုဖွင့်ကာ ထောင်ဒဏ်(၁၀)နှစ်အထိချမှတ်လိုက်ကြောင်း ဒေသခံများကပြောဆိုနေသည့်အတွက် နိရဉ္စရာအနေဖြင့် အသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်သည်။

သူသည် AA နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံရကာ ထောင်ဒဏ် (၃)နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကော်မရှင်က ၅၀၅ (က)ဖြင့် ဖမ်းဆီးထောင်ချခံထားရသူ၊ အမှုဖွင့်တရားစွဲခံထားသူ လူပေါင်း ကိုးထောင်နီးပါးခန့်အထဲမှ တချို့ကို အမှုပိတ်ပြီး တချို့ကို လွတ်ငြိမ်းခွင့်ပြုသည်ဟု ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကြေညာသည်။

စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ စစ်တွေမြို့တွင် အပြစ်မဲ့အရပ်သားများအား အကြမ်းဖက်စစ်တပ်က ပိုမိုဖမ်းဆီးလာနေကြောင်း သိရသည်။

ထိုသို့ အရပ်သားများကို ဖမ်းဆီးပြီးနောက် စစ်တပ်နှင့်ရဲကို ငွေပေးနိုင်လျှင် တချို့ကို ပြန်လွှတ်ပေးပြီး ငွေမပေးနိုင်သူများကို တရားရုံးတင်ကာ ထောင်ချမှုများနှင့် ငွေဒဏ်ရိုက်မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှ လွတ်ရက်စေ့၍ ပြန်လွတ်လာသည့် ရခိုင်နိုင်ငံရေးအကျဉ်းသား ၂၀ ဦးခန့်ကိုလည်း ထောင်ဗူးဝမှ ပြန်လည်ဖမ်းဆီးကာ ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်သည့် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀ (ည)ဖြင့် အမှုဖွင့်ခဲ့သည်ဟု သိရသည်။

သူတို့သည် စစ်တွေအကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ပို့ဆောင်ခံထားရသူများဟု သိရသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...