အကျဉ်းသားများအား ကြိုတင်မဲပေးခိုင်းမှုသည် မဲမသမာမှုပြုလုပ်ရန်ကြံစည်နေခြင်းဟု KPPA ထုတ်ပြန်

အကျဉ်းသားများအား ကြိုတင်မဲပေးခိုင်းမှုသည် မဲမသမာမှုပြုလုပ်ရန်ကြံစည်နေခြင်းဟု KPPA ထုတ်ပြန်

ကရင်နီပြည်၊ လွိုင်ကော်အကျဉ်းထောင်ရှိ အကျဉ်းသားများအား စစ်ကော်မရှင်တပ်က ကြို တင်မဲပေးခိုင်းပြီး မဲမသမာမှုပြုလုပ်ရန်ကြံစည်နေကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်း အရုံး (KPPA)က ထုတ်ပြန်သည်။

လွိုင်ကော်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်း သူ၊ အကျဉ်း သား၊ အချုပ်သူ၊ အချုပ်သားများကို စက်တင်ဘာလဒုတိယပတ်အတွင်း စာရင်းများကောက် ယူပြီးနောက် စက်တင် ဘာလကုန်တွင် ကြိုတင်မဲပေးခိုင်းခြင်းဟု သိရသည်။

“လွတ်မြောက်လာတဲ့သူတွေကပြန်ပြောပြလို့ ဒီအကြောင်းကိုသိရတာပါ။ သူတို့ကို အရင်ဆုံး စာရင်း ကောက်တယ် ပြီးတော့ မဲထည့်ခိုင်းလို့ အကုန်လုံး မဲထည့်လိုက်ရတယ်” ဟု KPPA တာဝန်ရှိသူက ပြောသည်။

လွိုင်ကော်အကျဉ်းထောင်တွင် အကျဉ်းသားစုစုပေါင်း အယောက် ၇၀၀ ကျော်ရှိသည်။ ကြိုတင်မဲထည့် ခိုင်းမှုတွင် မည်သည့်ပါတီကိုမဲပေးရန် တိုက်တွန်းမှု ရှိ၊ မရှိကိုမူ မသိရကြောင်း KPPA တာဝန်ရှိသူက ဆက်ပြောသည်။

“ထောင်ရဲ့ သဘောသဘာ၀အရ လုပ်ဆို အကုန်လုပ်ရတာပဲ။ ကြိုတင်မဲထည့်ဆို အားလုံးထည့်ရတာပဲ။ ငြင်းဆန်လို့မှမရတာ အဲဒီလိုအခြေအနေပါ။ ဘယ်ဟာထည့်ရမယ် ဘယ်ဟာမထည့်ရဘူးဆိုတာတော့ မသိရဘူး။ ပြောရရင် ထောင်ထဲမှာ သတင်းအချက်အလက်ရဖို့ခက်တယ်။ သူတို့ ဘယ်ပါတီကြိုက်တယ် ဘယ်ပါတီမကြိုက်ဘူးဆိုတာလည်း စဉ်းစားလို့မှမရတာဆိုတော့ အဲ့တော့ ကြိုတင်မဲပေးကြဆိုလို့ ကြိုတင်မဲပေးခိုင်းလို့ ပေးရတဲ့သဘောပါ” ဟု ဆိုသည်။

ထိုသို့ ကြိုတင်မဲပေးခိုင်းမှုကို လွိုင်ကော်အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဌာနဝန်ထမ်းများက ဦးဆောင်ကာ တာဝန်ယူလုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲဥပဒေအရ အကျဉ်းကျခံနေရသူများသည် မဲပေးပိုင်ခွင့်မရှိပေ။ ထို ကြောင့် လွိုင်ကော်အကျဉ်းထောင်ရှိ အကျဉ်းသားများအား ကြိုတင်မဲပေးခိုင်းမှုသည် ဥပဒေကိုကျော် လွန်လုပ်ဆောင်ကာ မဲသမာမှုပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု KPPA က ထုတ်ပြန်ထားသည်။

“ဥပဒေကလည်း ပြစ်ဒဏ်ကျခံရသူတွေကို မဲပေးပိုင်ခွင့်မရဘူးလို့ သုံးနှုန်းထားတာ။ သူတို့ အခု ဒီကြို တင်မဲပေးခိုင်းတာကလည်း ဥပဒေပြင်ပကနေလုပ်နေတာဆိုတော့ ဒီအကျဉ်းသားတွေရဲ့ ကြိုတင်မဲ စာရင်းကို ဘယ်မှာအသုံးချမလဲဆိုတာတော့ စဉ်းစားရမယ့်အပိုင်းရောက်သွားပြီ” ဟု KPPA တာဝန်ရှိသူ က ပြောသည်။

စစ်ကော်မရှင်က အပိုင်းလိုက်ပြုလုပ်မည့် ရွေးကောက်ပွဲ၏ အပိုင်း (၁) ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

တရားမဝင်သည့် အစိုးရအပေါ် တရားဝင်မှုတည်ဆောက်ရန် စစ်အုပ်စုသည် နောက်ဆုံးလှည့်ကွက် အဖြစ် ရွေး ကောက်ပွဲပြုလုပ်ခြင်းဖြစ်သည့်အတွက် စစ်ကော်မရှင်၏ ရွေးကောက်ပွဲများသည် လွတ် လပ်ပြီး တရားမျှတမှု ရှိမည်ဆိုခြင်းဟာ စိတ် ကူးယဉ်ခြင်းမျှသာ ဖြစ်ကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့က အမေရိကန် အောက်လွှတ်တော်တွင် ပြုလုပ်သည် မြန်မာ့အရေးဆွေးနွေးပွဲအတွင်း လွှတ်တော်အမတ် များနှင့် ကော်မတီဥက္ကဋ္ဌများက ထောက်ပြပြောဆိုထားသည်။

Photo credit - CJ

ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...