ဓာတ်ပုံဟောင်းကိုသုံးပြီး TNLA မှ စစ်ကိုင်းသို့ ပေးပို့သည့်လက်နက်များ ဖမ်းမိဆိုသည့် သတင်းမှား

ဓာတ်ပုံဟောင်းကိုသုံးပြီး TNLA မှ စစ်ကိုင်းသို့ ပေးပို့သည့်လက်နက်များ ဖမ်းမိဆိုသည့် သတင်းမှား

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ ဖမ်းမိကြောင်း ဓာတ်ပုံတစ်ပုံဖြင့် ဖြန့်ချိနေပါသည်။

အဆိုပါအကြောင်းအရာကို လူမှုကွန်ရက်စာမျက်နှာတစ်ဖြစ်သည့် “ဘကြီးအောင် ပြန်လာပြီ” ဟု အမည်ပေးထားသော အကောင့်တစ်ခုတွင် ဖြန့်ချိခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့အထိ Reaction ပြုလုပ်သူ ၇၁၆ ဦး၊ Comment ပေးသူ ၂၅ ဦးနှင့် ပြန်လည်မျှဝေသူ ၈၆ ဦးရှိခဲ့သည်။

မူရင်းလင်ခ့် – https://archive.ph/cJbEK

လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပျံ့နှံ့နေသော အဆိုပါအကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက်စစ်ဆေးသူများ စစ်ဆေးကြည့်သောအခါ ဓာတ်ပုံဟောင်းကို အသုံးပြုပြီး ပြန်လည် ဖြန့်ဝေထားသည့် သတင်းမှားဖြစ်နေကြောင်း တွေ့ရသည်။

သတင်းစိစစ်ချက်

ဓာတ်ပုံများကို Reverse Image Search ဖြင့် စိစစ်ကြည့်သောအခါ အဆိုပါဓာတ်ပုံသည် လွန်ခဲ့သော ၂၀၁၉ ခုနှစ်က ရိုက်ထားသော ဓာတ်ပုံဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ လွန်ခဲ့သော ၂၀၁၉ နိုဝင်ဘာလ ၂၂ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း

နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာအနီးတွင် စစ်တပ်(စစ်ကော်မရှင်)မှ ရှာဖွေမှုများပြုလုပ်ရာ ကျေးရွာ၏ အရှေ့တောင်ဘက်အတွင်း TNLA ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းသိုဝှက်ထားသည့် နေရာ ၃ ခုကို ရှာဖွေဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖမ်းဆီးရမိသော လက်နက်၊ ခဲယမ်းများကို စစ်တပ်က ၂၀၁၉ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်သည့် သျှမ်းသံတော်ဆင့်နှင့် လွတ်လပ်သော သတင်းမီဒီယာများဖြစ်သည့် ဧရာဝတီ၊ Myanmar Nowနှင့် DVB တို့တွင်လည်း အဆိုပါအကြောင်းအရာများအား ရေးဖော်ပြထားသည်။

သျှမ်းသံတော်ဆင့် – https://burmese.shannews.org/archives/14734

ဧရာဝတီ – https://burma.irrawaddy.com/news/2019/11/23/208969.html

Myanmar Now – https://myanmar-now.org/mm/news/2792/

DVB – https://burmese.dvb.no/post/358185

သုံးသပ်ချက်

ထို့ကြောင့် TNLA မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ ဖမ်းမိသည်ဆိုသည့် အကြောင်းအရာသည် မှားယွင်းနေသည်။ လွန်ခဲ့သော ၂၀၁၉ ခုနှစ်က ရိုက်ထားသော ဓာတ်ပုံကို ပြန်လည်အသုံးပြုပြီး လုပ်ကြံဖန်းတီးကာ သတင်းအမှား ဖြန့်ဝေနေခြင်းပင် ဖြစ်သည်။

စာဖတ်ပရိတ်သတ်များအနေဖြင့်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပျံ့နှံ့နေသော အကြောင်းအရာကို ချက်ချင်းမယုံကြည်ဘဲ စိစစ်ပေးရန် တိုက်တွန်းလိုပါသည်။

သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံယသရှိသည် ဖြစ်စေ၊ မှန်ကန်သည့် သတင်း ဟုတ်/ မဟုတ် အတည်ပြုမေးမြန်းလိုသည်ဖြစ်စေ MFCN (သို့မဟုတ်) အချက်အလက် စစ်ဆေးသည့် သတင်းဌာနနှင့် အဖွဲ့အစည်းများ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...