မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁၈ အတွက် လူငယ် ၂၅၀ နီးပါး စစ်သားစုဆောင်းခံရ

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁၈ အတွက် လူငယ် ၂၅၀ နီးပါး စစ်သားစုဆောင်းခံရ

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ဖွင့်လှစ်မယ့် လာမယ့် ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ် ၁၈ အတွက် ဒေသတွင်းက လူငယ် ၂၅၀ နီးပါး စစ်သားစုဆောင်းခံလိုက်ရတယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်သားစုဆောင်းခံလိုက်ရတဲ့ လူငယ်တွေကို အောက်တိုဘာ ၁၇ ရက်နေ့က မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ စစ်ကော်မရှင်ခန့် မွန်ပြည်နယ်အစိုးရအဖွဲ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

စစ်သားစုဆောင်းခံလိုက်ရတဲ့ လူငယ်တွေဟာ အတင်းအဓမ္မ ပေါ်တာဆွဲခံရတာ၊ ညပိုင်းအပြင်ထွက်စဉ် ဖမ်းဆီးခံရတာ၊ အလုပ်သွားအလုပ်ပြန်ချိန်တွေမှာ ဖမ်းဆီးခံခဲ့ပြီးနောက် တပ်သားစုဆောင်းခံရသူ အများဆုံး ပါဝင်ပါတယ်။

မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ စစ်မှုထမ်း စုဆောင်းခံရတဲ့ လူငယ်အများစုဟာ မြို့ဝင်ဂိတ်တွေမှာ ဖမ်းဆီးခံရသူတွေ၊ ညဘက်အပြင်နေ့ဘက်တွေမှာပါ ဖမ်းဆီးခံရသူတွေ ပါဝင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခု ကျွန်တော်တို့ ကြားရတဲ့ထဲမှာ လူငယ်လေးတွေက ဂိတ်ကိုဖြတ်ပြီး သွားတာလာတာ ရှိတယ်၊။ မြို့ဝင်ဂိတ်တွေက နေပြီးတော့ ဖမ်းဆီးတာတွေ ညဘက် ဒီအတိုင်းပဲ ညဘက် မဟုတ်ဘဲ နေ့ခင်းဘက်တောင်မှ ပေါ်တင်ဆွဲ ဖမ်းတာတွေလည်း ရှိတယ်”လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် စစ်ကော်မရှင်ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပါက အများစုဟာ ပြန်လည် လွတ်မြောက်လာတာ မရှိဘဲ တပ်သားသစ်အဖြစ် စုဆောင်းခံလိုက်ရပြီး စစ်ကော်မရှင်နဲ့ နီးစပ်သူ အနည်းစု လောက်သာ ငွေကြေး အဆမတန်ပေးမှသာ ပြန်လွတ်လာတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အခုနောက်ပိုင်း စစ်ကော်မရှင်ရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်း လူစားထိုး အငှားခေါ်ယူလို့ မရတာကြောင့် စစ်မှုထမ်းအတွက် ဒေသတွင်းက လူငယ်တွေကို ပစ်မှတ်ထားလာတာကြောင့် နေ့ရောညပါ လုံခြုံမှု ကင်းမဲ့လာတယ်လို့ လူငယ်တွေက ဆိုကြပါတယ်။

တဖက်မှာ စစ်ကော်မရှင်ဟာ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ပြန်လည် အသက်သွင်း ပြီးနောက် မွန်ပြည်နယ်မှာ လစဉ် စစ်မှုထမ်း သင်တန်းတွေ ဖွင့်လှစ်နေပြီး ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်မှုထမ်းအတွက် တပ်သား စုဆောင်းမှုတွေ ပိုမို ပြုလုပ်လာပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်ရဲ့ ပြည်သူ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၈ အထိ ဒေသတွင်းက စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ် ၃၃၀၀ ဝန်းကျင် စစ်သားစုဆောင်း ခံထားရပါတယ်။

Most read this week

April 11, 2026
မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်...
ဓာတ်ပုံ-CJ
April 10, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်လာပေမယ့် ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေကို...
ဓာတ်ပုံ - Social Media
April 9, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်ရှင်တပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံ...
April 8, 2026
မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ကာကင်းစခန်း နှစ်ခုကို...