Published
Saturday, October 18, 2025
ဖားကန့်ကနေ ဆုတ်ခွာလာတဲ့ စစ်ကော်မရှင်တပ် တခြားတိုက်ပွဲနယ်မြေဘက်ကို အင်အားဖြည့်နိုင်ခြေရှိ
- ဖားကန့်ကနေ စစ်ကော်မရှင်ရဲ့အင်အားတချို့ ကားမိုင်း - ဖားကန့်လမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားတာဟာ တခြားတိုက်ပွဲနယ်မြေဘက်ကို အင်အားခွဲဖြည့်တာ ဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။
- မြစ်ကြီးနားမှာ စစ်ကော်မရှင်က ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့ ညတိုင်း ဇာတ်ပွဲကြီးတွေ ကျင်းပနေတာရှိသလို ဆူညံသံတွေဟာ ရပ်ကွက်နေပြည်သူတွေအတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- ပူတာအိုခရိုင် မချမ်းဘောမြို့နယ် နမ်ခမ်းရွာနဲ့ နမ်ဆဘွမ်ရွာတွေမှာ တစ်ရွာလုံးနီးပါး ရွှေတူးဖော်လိုက်ကြတာကြောင့် လယ်ယာမြေတွေ မဖြစ်ထွန်းတော့ဘဲ ရွာထဲမှာ အခက်အခဲများစွာ ရင်ဆိုင်နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။






