အနင်းဘူတာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်တိုက်ခံရ

အနင်းဘူတာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်တိုက်ခံရ
Photo credit - မြန်မာ့မီးရထား
Photo credit - မြန်မာ့မီးရထား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာအနီး ဘူတာရုံမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် လေးဦး သေဆုံးခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်က အနင်းဘူတာရုံမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး နေရာမှာပဲ သေဆုံးသွားတာကို တွေ့ရပြီး လက်နက်တွေကိုတော့ ကောက်ယူလာနိုင်တာ မျိုးမရှိဘူးလို့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ပြန်ဆုတ်လာချိန် စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီး အဆက်မပြတ် ပစ် ခတ်တာတွေ ရှိပေမယ့် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မနေ့ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ရေးမြို့နယ် ကျောင်းရွာကျေးရွာအနီးမှာ ဈေးဝယ်ထွက်လာတဲ့ ခမရ ၅၉၁ တပ်က အရာရှိလင်မယား ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

Most read this week

January 23, 2026
ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တွေအနေနဲ့ လာမယ့် ဇန်နဝါရီ ၂၅...
January 22, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုမှာ ဒရုန်းဗုံး...
January 21, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲတွေဟာ ဒေသတွင်း...
January 20, 2026
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း ပဋိပက္ခဖြစ်ပွားမှု အရေအတွက်ကြိမ်နှုန်း...