အနင်းဘူတာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်တိုက်ခံရ

အနင်းဘူတာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်တိုက်ခံရ
Photo credit - မြန်မာ့မီးရထား
Photo credit - မြန်မာ့မီးရထား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာအနီး ဘူတာရုံမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် လေးဦး သေဆုံးခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်က အနင်းဘူတာရုံမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး နေရာမှာပဲ သေဆုံးသွားတာကို တွေ့ရပြီး လက်နက်တွေကိုတော့ ကောက်ယူလာနိုင်တာ မျိုးမရှိဘူးလို့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ပြန်ဆုတ်လာချိန် စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီး အဆက်မပြတ် ပစ် ခတ်တာတွေ ရှိပေမယ့် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မနေ့ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ရေးမြို့နယ် ကျောင်းရွာကျေးရွာအနီးမှာ ဈေးဝယ်ထွက်လာတဲ့ ခမရ ၅၉၁ တပ်က အရာရှိလင်မယား ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...
ဓါတ်ပုံ - CJ
July 7, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၄) အပိုင်၊ ကန်သာယာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း...