ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို

ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို

ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ဘက်က ပိတ်ဆို့တိုက်ခိုက် ရှင်းလင်းနိုင်းခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့မှာ အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ ခလရ ၂၃၆ တပ်ရင်ဘက်ကို စစ်အင်အား

အလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာမှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကြောင်းနှစ်ခုကွဲသွားပြီး တစ်ကြောင်းကို KIA ဘက်က တစ်ဦးမကျန် ရှင်းလင်းခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကို ပြောပါတယ်။

“၅၀၁၄ တပ်ချပ်ကာတပ်ရှိတဲ့ ဘက်ကနေ ဖောက်ပြီး ထိုးလာတာ KIA ဘက်ကပြန်တိုက်တော့ စစ်ကြောင်းနှစ်ခု ကွဲသွားတယ်။ စစ်ကြောင်းကို ထွက်လို့မရအောင် ဝိုင်းရံပိတ်ဆို့ထားပြီး၂ ရက်တောင်ပစ်တာ ရှေ့တစ်ရက်ကမှ တစ်ယောက်မကျန် အကုန်ရှင်းလိုက်တယ်။ အဲ့လိုပဲ မနေ့ကလည်း နောက်စစ်ကြောင်းတစ်ခုကိုလည်း ပြန်ပစ်တော့ စကခ ၂၁ ထဲကို ပြန်ဝင်သွားတယ်” လို့ ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ ခလရ ၂၃၆ တပ်နေရာဘက်ကို ထိုးစစ်တိုက်ခိုက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းခွဲသွားတဲ့ စစ်ကြောင်တးစ်ခုကို KIA ဘက်က ဩဂုတ်လ ၂၄၊ ၂၅ ရက်နေ့ နှစ်ရက်တိတိပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အလားတူ ဩဂုတ်လ ၂၆ ရက်နေ့မှာလည်း နောက်ထပ်စစ်ကြောင်းတစ်ခု ထပ်မံထိုးတက်လာတဲ့အတွက် ပြန်လည်တိုက်ခိုက်ခံရပြီး ဗန်းမော်မှာ စစ်ကောင်စီတပ်တွေ အဓိက နေရာယူထားတဲ့ စကခ ၂၁ ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ KIA စစ်ရေးအရင်းအမြစ်တွေပြောပြပါတယ်။

ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခု ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ ရုပ်လောင်းတွေကို ကားပေါ် စုပုံတင်ထားတဲ့ သတင်းဓါတ်ပုံတွေလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြနေတာကိုလည်း မြင်တွေ့ရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၂၇ ရက်နေ့အထိ ဗန်းမော်တိုက်ပွဲဟာ အမတ ၃၆၆၊ ခလရ ၂၃၆ နဲ့ သံချပ်ကာတပ်ဖြစ်တဲ့ ၅၀၁၄ နေရာတွေမှာ အဓိကဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဗန်းမော်မှာ ဇူလိုင်လအတွင်း ၂ ကြိမ်တိတိ စစ်တပ်ရဲ့ စစ်လက်နက်၊ စစ်ရိက္ခာသယ်ယူတဲ့ စစ်သင်္ဘောတွေ ဝင်ရောက်သွားပြီးနောက် ဩဂုတ်လဆန်းပိုင်းကနေ ဗန်းမော်တိုက်ပွဲပြန်လည် ပြင်းထန်နေတာ ရက်ပေါင်း ၂၀ ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

တိုက်ပွဲပြန်လည်ဖြစ်ပွားလာတဲ့ ဩဂုတ်လအတွင်းကနေ ဗန်းမော် မြို့မရပ်ကွက်အတွင်းရှိတဲ့ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက်ဟိုတယ်၊ စုပေါင်းရုံး၊ ဗန်းမော်တက္ကသိုလ်ဝင်းနေရာနဲ့ တာမိုင်းလုံ ၊ မင်းလှ စတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

ဩဂုတ်လ ဆယ်ရက်ကျော်အတွင်းဖြစ်တဲ့ တိုက်ပွဲမှာလည်း စစ်တပ်ရဲ့ ထိုးစစ်တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ အမြှောက်တင့်ကားတစ်ဦးကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပစ်ခတ်လို့ ပျက်စီးသွားတာဖြစ်ပါတယ်။

စစ်တပ်ဟာ ဗန်းမော်လက်မလွတ်ရေးအတွက် စစ်သင်္ဘောတွေ ဝင်ရောက်သွားပြီးနောက် လေကြောင်းအပါ Sucide ဒရုန်းတွေကို အဓိက အသုံးပြု တိုက်ခိုက်နေတာဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...